ကိုဗစ်ကူးစက်ရောဂါကာလမှစတင်ကာ ရပ်နားခဲ့သည့် လမ်းမတော်ပွဲဈေးကို ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် ပြန်လည်ကျင်းပလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် လမ်းမတော်ပွဲဈေးကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“ပွဲဈေးက ဒီနေ့စလုပ်တာပေါ့နော်။ ကျွန်တော်တွေ့ရသလောက်ကတော့ လာရောက်လည်ပတ်တဲ့သူတွေ များပါတယ်။ ဈေးဆိုင်ခန်းတွေလည်း များတယ်။ စည်စည်ကားကားပါပဲ” ဟု ပွဲဈေးရောက်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်းမတော်ပွဲဈေးနှင့်အတူ လမ်းမတော် ၁၃ လမ်းတွင် ဂန္တဝင်ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုသည့် ပွဲတွင် ကာတွန်းဆရာများ၏ ကာတွန်းလက်ရာများကို ပြသသည့် ပွဲကို ယခင်ကျင်းပစဉ်က ပြုလုပ်ခဲ့သည်။
ယခုကျင်းသည့် လမ်းမတော်ပွဲဈေးကို လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတစ်လျှောက် တစ်လမ်းထိပ်မှ လမ်းမတော်လမ်းအထိ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
လမ်းမတော်ပွဲဈေးသည် ရန်ကုန်မြို့တွင် ကျင်းပလေ့ရှိသည့် ပွဲဈေးများထဲတွင် အထင်ကရပွဲဈေးတစ်ခုလည်း ဖြစ်ပြီး နိုဝင်ဘာလ တန်ဆောင်တိုင်ကာလတွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။
ထိုသို့ကျင်းပရာတွင်လည်း တန်ဆောင်တိုင် လပြည့်နေ့မတိုင်မီတစ်ရက်၊ လပြည့်နေ့တစ်ရက်နှင့် လပြည့်ကျော်တစ်ရက် ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပခြင်းဖြစ်သည်။
ယခုနှစ်တွင်မူ နိုဝင်ဘာလ တန်ဆောင်တိုင်ကာလတွင် ကျင်းပခဲ့ခြင်း မရှိဘဲ ဒီဇင်ဘာလရောက်မှသာ ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း၊ အလားတူ ရေကျော်ပွဲဈေး၊ ကျွန်းတောလမ်းပွဲဈေးများကိုလည်း ယခုနှစ်မှသာ ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
