Top News

ပြင်သစ်လီဂူးပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
24htopnews | December 28, 2024 3:12 PM CST

PSG - ကလယ်မွန့် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၉:၃၀ နာရီ)

ကလယ်မွန့်ကတော့ တန်းတက်အသင်းတစ်သင်းအတွက် ချီးကျူးစရာခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားပြီး အခုလည်း PSG လိုအသင်းကြီးကို အဆုံးစွန်ထိ တောင့်ခံဒုက္ခပေးဖို့ ပြင်ဆင်လာမှာလည်းသေချာတယ်။ PSG အတွက်ကတော့ အခုပွဲကို နိုင်ပွဲဆက်ဖို့ကလွဲပြီး ဘာမှတွေး ထားမယ်မထင်ပါဘူး။ နှစ်သင်းအကြား ကွာခြားမှု အဆမတန်ကြီးမားပေမဲ့ စိတ်ဓာတ်ပိုင်းနဲ့ကစားနေတဲ့ ကလယ်မွန့်ကိုလျှော့ တွက်လို့မရတာတော့ သေချာတယ်။ အိမ်ကွင်းမှာ PSG တို့ အနိုင်သေချာပေမဲ့ ခက်ခက်ခဲခဲတော့ ကစားရမယ်ထင်တယ်။

မိုနာကို - မာဆေးလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၂ ရက် နံနက် ၁:၃၀ နာရီ)

မာဆေးလ်က (၃)ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးဘူး။ မိုနာကိုကတော့ ပြီးခဲ့တဲ့ရာသီကလိုမဟုတ်ဘဲ အားနည်းချက်တွေ ရှိနေတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးတွေသွင်းပေးမယ့် သူပျောက်ဆုံးနေတာပါ။ မာဆေးလ် အနိမ့်ဆုံး သရေကစားမယ်။


READ NEXT
Cancel OK