Top News

နူနိုဆန်တိုနဲ့ စပါးရဲ့ လှပသောကမ္ဘာသစ်
24htopnews | December 28, 2024 3:12 PM CST

စပါးနဲ့ ပေါင်းစည်းခြင်းမှာ နူနိုဆန်တိုဟာ အထင်ကြီးမှုတွေ မရခဲ့ပါဘူး။ အသင်းကျဆင်းနေချိန်မှာ ရောက်ရှိလာတာဖြစ်လို့လည်း ဒီလိုထင် ကောင်းထင်စရာဖြစ်လိမ့်မယ်။ ဒါပေမဲ့ နူနိုဆန်တိုဟာ တိတ်ဆိတ်ခဲ့တယ်။ အလုပ်နဲ့သက်သေပြဖို့ စီစဉ်ပြီး လီဗီနဲ့ပေါင်းကာ အသင်းရဲ့ဝင်ရိုးကို အကောင်းဆုံးပြောင်းလဲပြင်ဆင်တယ်။ ယူရို-၂၀၂၀ ကာလတစ်လျှောက်လုံး လှုပ်ခတ်ပြီး သတင်းအမျိုးမျိုးထွက်နေတဲ့ ဟာရီကိန်း Saga နဲ့ပတ်သက်ပြီး နူနိုဆန်တိုဟာ စကားတစ်ခွန်းမဟခဲ့ဘူး။ ဟာရီကိန်းက နူနိုဆန်တိုကို နည်းပြသစ်အဖြစ်ခန့်အပ်ခြင်းအပေါ် မကျေမနပ်ဖြစ်တယ်လို့ သတင်းတွေထွက်တုန်းကလည်း သူနဲ့ ကျွန်တော် စကားမပြောရသေးပါဘူးဆိုပြီး အလိမ္မာသုံးရှောင်ထွက်တယ်။ ဟာရီကိန်းအရွေ့နဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ လီဗီကို နူနိုဆန်တိုက အရာအရာပုံအပ်ယုံကြည်ပြီးသားပါ။ ဒါကြောင့်လည်း အပြောင်းအရွှေ့တစ်ခုကိုပဲ စိတ်အေးအေးလုပ်ဆောင်တယ်။


READ NEXT
Cancel OK