ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်းတိုက်စစ်မှူး လူကာကူအနေဖြင့် အက်စတွန်ဗီလာနှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲံသည်။
လူကာကူသည် ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရင်း ပေါင်ဒဏ်ရာရရှိခဲ့ပြီး ချယ်လ်ဆီးအသင်း၏ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က လူကာကူအနေဖြင့် ယနေ့(စက်တင်ဘာ ၁၁ ရက်)တွင် ကစားမည့် အက်စတွန်ဗီလာနှင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တူဟယ်လ်က "ပြီးခဲ့တဲ့ရက်ပိုင်းကတော့ လူကာကူအနေနဲ့ ဒဏ်ရာပြဿနာ ရှိခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကြာသပတေးနေ့ကစပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းနေပြီဖြစ်ပြီး ဘာပြဿနာမှ မရှိတော့ပါဘူး"ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄)အဖြစ် ယနေ့(မြန်မာစံတော်ချိန် ည ၁၁းဝ၀ နာရီ)တွင် အက်စတွန်ဗီလာအသင်းကို လက်ခံကစားရမည်ဖြစ်သည်။
ယင်းပွဲတွင် လူကာကူ ပါဝင်နိုင်မည်ဖြစ်သော်လည်း ကွင်းလယ်လူ ကွန်တေနှင့် တောင်ပံကစားသမား ပူလီဆစ်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်းလည်း တူဟယ်လ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
