PSG အသင်းအနေဖြင့် ယခုနွေရာသီတွင် မက်ဆီနှင့် ရာမို့စ်ကဲ့သို့ သက်ကြီးကစားသမားများ ခေါ်ယူခဲ့ခြင်းအတွက် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်၏ လှောင်ပြောင်မှုကို PSG အသင်း အထွေထွေအတွင်းရေးမှူး ဗစ်တိုရီယာနိုမယ်လီရိုက ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။
တီဘက်စ်သည် PSG အသင်း၏ ငွေကြေးသုံးစွဲမှုကို အမြဲလိုလို ဝေဖန်လေ့ရှိသူဖြစ်ပြီး ယခုအကြိမ်တွင်လည်း မက်ဆီ(၃၄ နှစ်)နှင့် ရာမို့စ်(၃၅ နှစ်) တို့ကို ခေါ်ယူမှုနှင့်ပတ်သက်၍ ဝေဖန်ခဲ့ခြင်းဖြစ်သည်။
မက်ဆီနှင့် ရာမို့စ်တို့ကို ခေါ်ယူမှုနှင့်ပတ်သက်၍ တီဘက်စ်က ကစားသမားအချို့၏အသက်အရွယ်မှာ League of Legends ဂိမ်းကဲ့သို့ဖြစ်နေကြောင်း၊ လာလီဂါတွင်မူ ဗင်နီစီယပ်စ်ကဲ့သို့ လူငယ်ကစားသမား များရှိနေကြောင်း၊ PSG အသင်း၏လုပ်ရပ်များမှာ စူပါလိဂ်ကဲ့သို့ပင် အန္တရာယ်ရှိကြောင်း၊ မက်ဆီမရှိသော်လည်း လာလီဂါမှာ ဆက်လက်တိုးတက်နေဆဲဖြစ်ကြောင်း၊ နိုင်ငံပိုင် ကလပ်များကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ အဆိုပါကလပ်များမှာ စူပါလိဂ်ကဲ့သို့ပင်ရန် သူများဖြစ်ကြောင်း သုံးသပ်ပြောကြားထားသည်။
၎င်း၏ဝေဖန်မှုကို PSG အသင်း အထွေထွေအတွင်းရေးမှူး မယ်လီရိုက "ပြင်သစ်လိဂ်က ခင်ဗျားလိဂ်လိုမဟုတ်ဘဲ ခိုင်မာတဲ့ ဘဏ္ဍာ ရေးစည်းမျဉ်းတွေရှိတယ်။ စပိန်ကလပ်တွေနဲ့ ခင်ဗျားရဲ့လိဂ်ကသာ လွဲမှားတဲ့စီမံခန့်ခွဲမှုတွေကြောင့် အကြွေးတွေရင်ဆိုင်နေရတဲ့အဆင့်ဖြစ်နေပြီဆိုတာ အခုဆိုရင် အားလုံးလည်း သိနေပါပြီ"ဟု ကြေညာထုတ်ပြန်၍ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
