Top News

စီရော်နယ်လ်ဒိုသည် အသင်းဖော်များကို တွန်းအားပေးနိုင်သူဟု ဖရက်ဒ် ချီးကျူး 
24htopnews | December 28, 2024 3:12 PM CST

မန်ယူကွင်းလယ်လူ ဖရက်ဒ်က စီရော်နယ်လ်ဒိုသည် အသင်းဖော်များကို တွန်းအားပေးနိုင်သူဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။ 

အသက် (၃၆)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် (၁၂)နှစ်အကြာတွင် မန်ယူအသင်းသို့ တစ်ကျော့ပြန်လာခဲ့ပြီးနောက် ယနေ့(စက်တင်ဘာ ၁၁ ရက်)တွင် ကစားမည့် နယူးကာဆယ်နှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွင် ပါဝင်ကစားမည်ဖြစ်ကြောင်း သိရှိရသည်။ 

စီရော်နယ်လ်ဒိုနှင့် လေ့ကျင့်ခန်းများ ပြုလုပ်နေသည့် ဖရက်ဒ်က စီရော်နယ်လ်ဒိုမှာ အသင်းဖော်များကို ပိုကြိုးစားချင်လာအောင် တွန်းအားပေးနိုင်သူဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဖရက်ဒ်က "စီရော်နယ်လ်ဒိုနဲ့အတူ လေ့ကျင့်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့နဲ့အတူ သူ ရှိနေတာကို ပျော်ပါတယ်။ သူ့အနေနဲ့ အသင်းအတွက် ချန်ပီယံဆုတွေ ယူပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက အသင်းဖော်တွေကို ပိုကြိုးစားချင်လာအောင် တွန်းအားပေးနိုင်သူဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းကို အနိုင်ရဖို့ ခွန်အားဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ပထမအကြိမ်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ (၆)ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၉၂)ပွဲတွင် (၁၁၈)ဂိုးသွင်းယူခဲ့ကာ ပရီးမီးယားလိဂ် (၃)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ်အပါအဝင် ဆုဖလား (၉)လုံးအထိ ရယူနိုင်ခဲ့သည်။ 

စီရော်နယ်လ်ဒိုက မိမိအနေဖြင့် မန်ယူအသင်းသို့ ပြန်လာခြင်းမှာ အပန်းဖြေရန်မဟုတ်ဘဲ အသင်းနှင့်အတူ ဆုဖလားများ ရယူရန်ုဖြစ်ကြောင်း ကြုံးဝါးပြောဆိုထားသည်။ 


READ NEXT
Cancel OK