Top News

စီရော်နယ်လ်ဒို မန်ယူသို့ ပြန်ခဲ့ခြင်းအပေါ် အားလုံးကဲ့သို့ပင် မိမိလည်း စိတ်လှုပ်ရှားစွာစောင့်ကြည့်နေသည်ဟု ဘေးလ်ဝန်ခံ
24htopnews | December 28, 2024 3:12 PM CST

ရီးယဲလ်မက်ဒရစ်အသင်း၏ တောင်ပံကစားသမားဂါရတ်ဘေးလ်က မိမိသည် မန်ယူအသင်းထံသို့ စီ ရော်နယ်လ်ဒို ပြန်ရောက်ခဲ့ခြင်းအပေါ် အခြားသူများကဲ့သို့ပင် စိတ်လှုပ်ရှားစွာ စောင့်ကြည်နေသည်ဟု ဝန်ခံပြောကြားခဲ့သည်။

    

စီရော်နယ်လ်ဒိုနှင့် ဘေးလ်တို့သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် အသင်းဖော်များအဖြစ် တွဲကစားကာ အောင်မြင်မှုများစွာ ရယူခဲ့ဖူးသည့် ကစားသမားများဖြစ်သည်။ 

ယင်းမတိုင်မီကလည်း ပရီးမီးယားလိဂ်တွင် မန်ယူနှင့် စပါးအသင်းတို့ကို ကိုယ်စားပြုကာ ပြိုင်ဘက်များအဖြစ် အတူတူဖြတ်သန်းခဲ့ကြဖူးသည်။

    

ယခုအချိန်တွင် ဂါရတ်ဘေးလ်က "ဘောလုံးမှာတော့ သူက ဘာမဆိုလုပ်ပြနိုင်တဲ့သူမျိုးပါ။ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို မီနိုင်တဲ့ ကစားသမားမျိုးတစ်ဦးမှ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်သေချာပေါက် ပြောရဲတာက မန်ယူအသင်းကို သူ ပြန်ရောက်ချိန်မှာ သေချာပေါက်ခြေစွမ်းပြပြီး၊ ဂိုးတွေသွင်းဦးမယ်ဆိုတာပါပဲ။ ဂိုးတွေအများကြီး သွင်းပါလိမ့်မယ်။ သူ ပြန်လာတာကို စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ တခြားသူများစွာလိုပဲ ကျွန်တော်လည်း စိတ်လှုပ်ရှားစွာစောင့်ကြည့်နေပါတယ်"ဟု ပြောကြားခဲ့သည်။

    

စီရော်နယ်လ်ဒို၏ မန်ယူအသင်းဖော်ဟောင်း  ဘာဘာတော့ဗ်ကလည်း မန်ယူအသင်းထံသို့ စီရော်နယ်လ်ဒို ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် မိမိမယုံနိုင်ကြောင်းနှင့် စောင့်ကြည့်ရန် မစောင့်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK