Top News

အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း၏ ဈာပနကို နိုင်ငံတော်အခမ်းအနားဖြင့် ပြုလုပ်မည်
24htopnews | December 28, 2024 3:12 PM CST

ဒီဇင်ဘာ ၂၆ ရက်မွန်းလွဲပိုင်းက နယူးဒေလီမြို့တော်ရှိဆေးရုံတွင် ကွယ်လွန်သွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း၏ စျာပနကို နိုင်ငံတော်အခမ်းအနားဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ကြေညာခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အိန္ဒိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆင်းသည် အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းကို လေးစားကြောင်းပြသသည့်အနေဖြင့် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ကို ဇန်နဝါရီ ၁ ရက်အထိ ခုနစ်ရက်ကြာ သတ်မှတ်သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။

ဒေါက်တာ မန်မိုဟန်ဆင်း၏ စျာပနကိုလည်း နိုင်ငံတော်အဆင့်အခန်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်အလံကိုလည်း တစ်ဝက်ချပြီး လွှင့်ထူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မန်မိုဟန်ဆင်း ၏ စျာပနပြုလုပ်မည့်ရက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဒီဇင်ဘာ ၂၈  ရက်တွင် ပြုလုပ်ဖွယ်ရှိကြောင်း ကွန်ဂရက်ပါတီ၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

တက်ကနိုကရက်တစ်ဦးဖြစ်သည့် ဆင်းသည် ၎င်း၏ ပထမသက်တမ်းအတွင်း အာရှ၏ စတုတ္ထစီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အိန္ဒိယကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိ စေရန်လုပ်ဆောင်ပေးခဲ့သော်လည်း ဒုတိယသက်တမ်းတွင် အဂတိလိုက်စားမှုအရှုပ်တော်ပုံများနှင့် ရင်ဆိုင်ခဲ့ရသည်။       


READ NEXT
Cancel OK