အမ်ပိုလီ - ဗင်နီဇီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၇:၃၀ နာရီ)
တန်းတက် ဗင်နီဇီယာက စီးရီးအေရပ်ဝန်းနဲ့ မလျော်ညီတဲ့ပုံစံကို ရာသီအစမှာပဲ ပြသနေတယ်။ စီးရီးအေအဖွင့်ပွဲ (၂)ပွဲမှာ (၅)ဂိုးပေးထားရသလို၊ နိုင်ငံတကာရက်သတ္တပတ်အတွင်း ကစားတဲ့ခြေစမ်းပွဲမှာလည်း ဘရက်စီယာကို (၄)ဂိုးပြတ်ရှုံးထား တယ်။ တန်းတက်ချင်းဆိုပေမဲ့ ပိုထက်မြက်တဲ့ အမ်ပိုလီအနိုင်ပါ။
နာပိုလီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၁၀:၃၀ နာရီ)
နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားပြီးနောက် ဂျူဗင်တပ်စ်ပတ်ဝန်းကျင်မှာ ဖိအားတွေများနေပါပြီ။ တစ်ကျော့ပြန်နည်းပြ အယ်လီဂရီအတွက် ဟန်ချက်မညီတဲ့အသင်းကို ဘယ်လိုပြန်လည်ထိန်းကျောင်းမလဲဆိုတာ အရေးပေါ်ပြဿနာပါပဲ။ ဂျူဗင်တပ်စ်ရဲ့ စိတ်ပျက်ဖွယ်ရာ စီးရီးအေအဖွင့်ပွဲ (၂)ပွဲစလုံးမှာ အယ်လီဂရီရဲ့ နည်းဗျူဟာအားနည်းချက်တွေ မြင်ခဲ့ရပြီး ဒီပွဲမှာတော့ အဲဒီအားနည်းချက်တွေ ပြင်နိုင်မယ်လို့ ထင်ပါတယ်။ နာပိုလီက ဂျီနိုအာနဲ့ပွဲမှာ အင်ဆစ်ဂ်ညာကို False 9 ပုံစံထားကစားပြီး လိုဇာနို၊ ပိုလီတာနိုတို့က ဝန်းရံခဲ့ပါတယ်။ ခံစစ်မှာလည်း ကူလီဘလီနဲ့ မာနိုလက်စ်အတွဲက ဂျူဗင်တပ်စ်ခံစစ်ထက်တည်ငြိမ်နေတယ်။ ဒါပေမဲ့ ခီယေဆာ၊ လိုကာတယ်လီ၊ ဒီဘားလား၊ မိုရာတာ၊ ကူလူဆက်ဗ်စကီးတို့ကို တစ်ပြိုင်တည်းသုံးမယ်ဆိုရင် နာပိုလီခံစစ် ဖိအားဝင်နိုင်ပါတယ်။ သိက္ခာပြန်ဆယ်ရမယ့် ဂျူဗင်တပ်စ် အမှတ်ရပါလိမ့်မယ်။
အတ္တလန်တာ - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
အတ္တလန်တာတိုက်စစ်မှာ ဒဏ်ရာရကစားသမားတွေများနေတယ်။ မူရီယဲလ်၊ ဇာပါတာတို့ မကစားနိုင်သေးချိန်မှာ တိုက်စစ်အားသန် ဟေတီဘိုးဝါးလည်း ဒဏ်ရာရနေသလို၊ ဒီရွန်းကလည်း ပွဲပယ်ခံထားရတယ်။ ဗလာဟိုဗစ်၊ ကယ်လီဟွန်၊ ဂွန်ဇာလက်ဇ်တို့နဲ့ ဖီအိုရင်တီးနားတိုက်စစ်က ရာသီအစမှာ အလုပ်ဖြစ်နေလို့ အတ္တလန်တာအတွက် ခက်ခဲဦးမယ့်ပွဲပါပဲ။ ဖီအိုရင်တီးနား အမှတ်မျှော်လင့်ခွင့်ရှိနေတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
