Top News

ဘွန်ဒစ်လီဂါပွဲစဉ် (၄)  ပွဲကြိုသုံးသပ်ချက် 
24htopnews | December 28, 2024 3:12 PM CST

လေဗာကူဆင် - ဒေါ့မွန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၈:၀၀ နာရီ)

ဒီနှစ်သင်း နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အိမ်ကွင်းအားသာချက်က အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတာ တွေ့ရတယ်။  လေဗာကူဆင်က ရာသီအဖွင့်မှာ တာထွက်ကောင်းနေပြီး နောက်ပိုင်းနှစ်တွေမှာ အတည်ငြိမ်ဆုံးအနေအထားကို ရောက်နေတယ်။ ပက်သရစ်ရှစ်ခ်၊ ဒီယာဘီတို့က တိုက်စစ်မှာ ခြေစွမ်းပြနေပြီး ဒေါ့မွန်အသင်းထက်တောင် အသင်းလိုက်ပိုတည်ငြိမ်မှုရှိပါတယ်။ ဒေါ့မွန်ကတော့ ဟော်လန်းအပေါ် မှီခိုမှု ပိုကြီးမားလာနေပြီး ဟော်လန်း ဂိုးပေါက်ပျောက်ရင် အသင်းရလဒ်ပိုင်းပါ ထိခိုက်မှုရှိနေတာ တွေ့ရတယ်။ အဝေးကွင်းမှာ ဒေါ့မွန် သရေထက် ပိုမရနိုင်ဘူး။ 

အူန်ယွန်းဘာလင် - အော့စ်ဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၈:၀၀ နာရီ)

လတ်တလောရလဒ်ပိုင်းမှာတော့ ဒီနှစ်သင်းကြား ခြားနားချက်ကြီးမားပါတယ်။ အူန်ယွန်းဘာလင်အသင်း နိုင်ပွဲဆက်ဖို့ များတယ်။

ဖရိုင်းဘတ် - ကိုလုံး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၈:၀၀ နာရီ)

ရာသီအစပိုင်းမှာတော့ နှစ်သင်းစလုံး မျှော်လင့်ထားတာထက် ရလဒ်ပိုင်းပိုကောင်းနေတယ်။ ကိုလုံးအသင်း သရေမျှော်လင့်လို့တော့ရတယ်။ 

ဟော်ဖန်ဟင်မ် - မိန့်ဇ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၈:၀၀ နာရီ)

မိန့်ဇ်အသင်းရဲ့အဝေးကွင်းရလဒ်ပိုင်းကတော့ ယုံစားလို့ မရတဲ့အနေအထားမှာရှိပါတယ်။ ဟော်ဖန်ဟင်မ်အသင်း အိမ်ကွင်းနိုင်ပွဲ စယူလိမ့်မယ်။

ဂရိုင်သာဖက်သ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၈:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်းက ပြီးခဲ့တဲ့ရာသီစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ပါပဲ။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲတွေ ကစားရတော့မှာဖြစ်လို့ ဝုလ်ဖ်ဘတ်အသင်း ပြိုင်ပွဲ(၂)ခုကြားမှာ ထိန်းညှိကစားနိုင်ခြင်းရှိ၊ မရှိကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ဂရိုင်သာ ဖက်သ်အသင်း အိမ်ကွင်းမှာ ဂိုးပြတ်မရှုံးအောင်တော့ ကစားနိုင်လောက်တယ်။

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် ည ၁၁:၀၀ နာရီ)

လိုက်ပ်ဇစ်က ဘိုင်ယန်ကိုပြောင်းသွားတဲ့ နည်းပြ နာဂယ်စ်မန်း၊ နောက်ခံလူ အူပါမယ်ကာနိုနဲ့ နောက်ဆုံး အသင်းခေါင်းဆောင် ဆာဘစ်ဇာတို့ မရှိတော့တဲ့ရိုက်ခတ်မှုကို ကြုံတွေ့ရဖို့များတယ်။ အသင်းအနေနဲ့ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ထားပေမဲ့ လက်ရှိပုံစံအတိုင်းဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်ရမယ့်အနေအထားပါ။ ဘိုင်ယန်ကတော့ မိုချန်နဲ့သရေကျတဲ့ ရာသီအဖွင့်ပွဲပြီးကတည်းက ပြိုင်ပွဲစုံ(၄)ပွဲဆက် အနည်းဆုံး(၃)ဂိုးစီ သွင်းယူထားပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း ဂိုးမြူးနေတာတွေ့ရတယ်။ ဘိုင်ယန်အသင်းပဲ နိုင်ပွဲဆက်ဖို့များတယ်။


READ NEXT
Cancel OK