ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက ဖူလ်ဟမ်အသင်းအား နောက်ဆုံးမိနစ်တွင် ဂိုးပေးရပြီး ရှုံးနိမ့်ခဲ့ခြင်းမှာ ခံရခက်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာ ၂၆ ရက် Boxing Day က ကစားခဲ့သည့် ပရီး မီးယားလိဂ်ပွဲစဉ်၌ လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းတွင် လက်ခံ ကစားခဲ့ရသည်။ ချယ်လ်ဆီးအသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန် ၁၆ မိနစ်တွင် သွင်းယူခဲ့သည့် တိုက်စစ်ကစားသမား ပါလ်မာ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၈၂ မိနစ်နှင့် ၉၀+၅ မိနစ်တို့တွင် ဖူလ်ဟမ် အသင်းကို နှစ်ဂိုးဆက်တိုက် ပြန်ပေးခဲ့ရပြီး ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။
ယင်းရှုံးပွဲကြောင့် ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ တစ်ပွဲလျော့ကစားထားသည့် လီဗာပူးလ်အသင်းနှင့် ခုနစ်မှတ်အထိ ကွာဟသွားခဲ့သည်။ ဖူလ်ဟမ်အား ရှုံးနိမ့်သည့်ပွဲအပြီးတွင် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက နောက်ဆုံးမိနစ်၌ ပြိုင်ဘက်အသင်း၏ အနိုင်ဂိုးကို ခွင့့်ပြုခဲ့ရသည့်အတွက် အလွန်ခံရခက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မာရက်စကာက "နောက်ဆုံးမိနစ်မှာ ဂိုးပေးရတာက အရမ်းကိုခံရခက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲကို အနိုင်မရဘူးဆိုရင် မရှုံးဖို့က အရေးကြီးတယ်လို့ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၁၅ မိနစ်အတွင်းမှာပဲ ဖူလ်ဟမ်အ သင်းရဲ့ Transation တွေကြောင့် ကျွန်တော်တို့ ဒုက္ခရောက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အနေနဲ့ ဖူလ်ဟမ်အသင်းကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဖူလ်ဟမ်အသင်းကို အခွင့်အရေးတွေ ပေးခဲ့ရတယ်။ ကစားသမားအားလုံးနီးပါး ပြေးလွှားကစားတဲ့ အသင်းနဲ့ ကစားရတာ ခက်ခဲပါတယ်။ တကယ်တော့ ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့သင့်တာပါ"ဟု ပြောကြားခဲ့သည်။
ဖူလ်ဟမ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည့် အင်္ဂလန်တိုက်စစ်ကစားသမား ပါလ်မာက ၎င်းတို့အသင်းအနေဖြင့် ပွဲစဉ်တိုင်းကို အနိုင်မရနိုင်ကြောင်း ပြောကြားခဲ့သည်။ ပါလ်မာက "ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်တိုင်းမှာ အနိုင်ရမှာမဟုတ်ဘူးဆိုတာကို သိပြီးသားပါ။ ဒီရာသီက နည်းပြရဲ့ ပထမဆုံးရာသီဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ သင်ယူသွားရမှာပါ။ ရာသီအစက ကျွန်တော်တို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာ မဟုတ်ဘူးလို့ လူတိုင်းက ပြောခဲ့ကြတာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းလိုက်တိုးတက်ဖို့အတွက် အကောင်းဆုံးကြိုးစားနေကြပါတယ်။ သူ(မာရက်စကာ) ကလည်း အခုလို သုံးရက် တစ်ပွဲနှုန်း ကစားနေရချိန်ဟာ ကျွန်တော်တို့အတွက် သင်ယူဖို့ အခွင့်အရေးကောင်းလို့ ပြောခဲ့ပါတယ်။ ဒီပွဲ မှာ ကျွန်တော်တို့ မိနစ် ၂၀ လောက် ပွဲကိုမ ထိန်းချုပ်နိုင်ချိန်မှာ ဖူလ်ဟမ်က နှစ်ဂိုးသွင်းသွားခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
