Top News

ယခုနှစ်အတွင်း ပြောင်းရွှေ့ကြေးတန်ဖိုးကျဆင်းမှု အများဆုံးကစားသမားအဖြစ် PSG အသင်း တိုက်စစ်ကစားသမား မူအာနီ ရပ်တည်နေ
24htopnews | December 28, 2024 4:12 PM CST

 

ယခုနှစ်အတွင်း ပြောင်းရွှေ့ကြေးတန်ဖိုး ကျဆင်းမှု အများဆုံးကစားသမားအဖြစ် PSG အသင်း တိုက်စစ်ကစားသမား မူအာနီ က ရပ်တည်နေကြောင်း သိရသည်။

ကစားသမားများ၏ ပြောင်းရွှေ့ကြေး တန်ဖိုးများ ထုတ်ပြန်လျက်ရှိသည့် Transfermarkt ဝက်ဘ်ဆိုက်၏ ဖော်ပြမှုအရ မူအာနီ သည် ၂၀၂၃ ခုနှစ် နွေရာသီတွင် ဖရန့်ဖတ် အသင်းမှ PSG အသင်းသို့ ပေါင် ၇၆ ဒသမ ၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း လက်ရှိ အချိန်တွင် ၎င်း၏ပြောင်းရွှေ့ကြေးတန်ဖိုး ကျဆင်းမှုမှာ ပေါင် ၃၃ သန်းအထိရှိနေသည်။ 

၎င်း၏နောက်တွင် အိုဆင်မန် (ဂါလာတာစာရေး) နှင့် ဆာနေး (ဘိုင်ယန်မြူးနစ်) က ပေါင် ၂၉ သန်း၊ မာတင်နယ်လီ (အာဆင်နယ်)၊ ကိုးမန်း (ဘိုင်ယန်မြူးနစ်)၊ နေမာ (အယ်လ် ဟီလာ) နှင့် ရှကရီညာ (အင်တာမီလန်) က ပေါင် ၂၄ သန်း၊ ခီယေဆာ (လီဗာပူးလ်) နှင့် ကင်မစ်ချ် (ဘိုင်ယန်မြူးနစ်) က ပေါင် ၂၃ ဒသမ ၂ သန်း၊ အန်ကွန်ကူ (ချယ်လ်ဆီး)၊ အီဗန်ဖာဂူဆန် (ဘရိုက်တန်)၊ ဂျေးဆူး (အာဆင်နယ်) နှင့် ဒီဘရိုင်းနား (မန်စီးတီး) တို့က ပေါင်သန်း ၂၀ စီဖြင့် ရပ်တည်လျက်ရှိသည်။

တန်ဖိုးကျဆင်းမှုအများဆုံး ၁၀ ဦး စာရင်းတွင် ဘိုင်ယန်မြူးနစ်အသင်းမှ သုံးဦး အထိ ပါဝင်နေသည်။


READ NEXT
Cancel OK