ဒီဇင်ဘာ (၂၉)ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄-၂၀၂၅ ရာသီ MFF ဖူဆယ်လိဂ် -၁ ပြိုင်ပွဲတွင် တန်းတက်ယှဉ်ပြိုင်ခွင့်ရထားသည့် YRG အသင်းသည် လက်ရွေးစင်ကစားသမားများဖြစ်သော ဝေဇင်ဦး၊ ထွဋ်ဝေထွန်းနှင့် နိုင်လင်းထွန်းကျော်တို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
YRG အသင်းသည် တန်းတက်အသင်း ဖြစ်သော်လည်း ပြင်ဆင်မှုများစွာပြုလုပ်နေပြီး VUC အသင်းမှ လက်ရွေးစင်အဆင့်ကစားသမားများကို ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်သည်။ YRG အသင်းသည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းခေါင်းဆောင် မျိုးမြင့်စိုးကို ခေါ်ယူပြီးနောက် ပြိုင်ပွဲစတင်ခါနီးတွင် ဝေဇင်ဦး၊ နိုင်လင်းထွန်းကျော်နှင့် ထွဋ်ဝေထွန်းတို့ (၃) ဦးကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထို့ ကြောင့် YRG အသင်းသည် ရာသီသစ်မစတင်မီ လက်ရွေးစင်အဆင့် ကစားသမား (၄) ဦးအထိ ခေါ်ယူထားနိုင်ပြီး နိုင်ငံခြားသားကစားသမားလည်း အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။ YRG အသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မောင်ဌေးက ကိုင်တွယ်နေပြီး ရာသီသစ်အဖွင့်ပွဲအဖြစ် ဒီဇင်ဘာ (၂၉)ရက်တွင် နာမည်ကြီး MIU အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
YRG အသင်းသည် ရာသီသစ်အတွက် ပြည်တွင်းကစားသမားများဖြစ်သည့် မျိုးမြင့်စိုး၊ ဝေဇင်ဦး၊ နိုင်လင်းထွန်းကျော် နှင့် ထွဋ်ဝေထွန်းတို့ (၄) ဦး ခေါ်ယူထားကြောင်းသာ သတင်းထုတ်ပြန်သေးပြီး ကျန်ကစားသမား အဝင်အထွက်စာရင်းကို ထုတ်ပြန်ခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
