Top News

၂၀၂၂ ကမ္ဘာ့ဖလားအပြီးတွင် အီတလီ၌ ပြန်လည်ကစားရန် ဂျော်ဂျင်ဟို ဆန္ဒရှိ
24htopnews | December 28, 2024 5:12 PM CST

 

ချယ်လ်ဆီးအသင်းမှ အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အီတလီ၌ ပြန်လည်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဂျော်ဂျင်ဟိုသည် ချယ်လ်ဆီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလများ တွင်လည်း စီးရီးအေသို့ ပြန်ရောက်နိုင်ကြောင်း သတင်းထွက်ခဲ့ဖူးသည်။ 

သို့သော် ၎င်း၏ အေးဂျင့်ဖြစ်သူက "သူ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ် ရှိနေပါတယ်။ အီတလီမှာ ပြန်ကစားဖို့ စိတ်ကူးလည်း ရှိပါတယ်။ မျှော်လင့်ထားတာကတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူအပြီးမှာပါ"ဟု ပြောကြားခဲ့သည်။ 

ဂျော်ဂျင်ဟိုက အီတလီထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူလိုနေကြောင်လည်း သိရသည်။


READ NEXT
Cancel OK