လီဗာပူးလ်နှင့် စာချုပ်သက်တမ်း စေ့ချိန်တွင် (၁)နှစ်ခန့်အနားယူမည်ဟု ကလော့ပ် ပြောကြား
24htopnews | December 28, 2024 5:12 PM CST
လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းစေ့ချိန်တွင် သူရည်မှန်းထားသည့်အစီအစဉ်နှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းနှင့်လမ်းခွဲပြီးလျှင် ဂျာမနီလက် ရွေးစင်အသင်းနည်းပြအဖြစ်ပြုလုပ်ရန် အစီအစဉ်ရှိသလားဟု သတင်းသမားများက ၎င်းအားမေးမြန်းခဲ့ရာ ယာဂန်ကလော့ပ်က "ဒီမေးခွန်းကို မကြာခဏအမေးခံနေရပါတယ်။ ကျွန် တော့်ရဲ့လီဗာပူးလ်အသင်းနည်းပြ စာချုပ် သက်တမ်းစေ့သွားချိန်မှာ ဘယ်လိုအရာမျိုး ဖြစ်နေသည်ဖြစ်စေ၊ ကျွန်တော်ဟာ သာမန် ဘဝတစ်ခုကို ဖြတ်သန်းနိုင်ဖို့ အရင်ဆုံး ကြိုး စားသွားမှာပါ။ တစ်နှစ်အနားယူတာပေါ့ ။ ကျွန် တော်ဒီလိုမျိုး တစ်ခါမှ မနားဖူးသေးပါဘူး"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းနှင့် ယာ ဂန်ကလော့ပ်ချုပ်ဆိုထားသော နည်းပြစာချုပ် မှာ ၂၀၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
