Top News

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲများ၌ အဝေးကွင်းပရိသတ်များကို ပြန်လည်ကြည့်ရှုခွင့်ပြုမည်ဟု UEFA အတည်ပြု
24htopnews | December 28, 2024 5:12 PM CST

 

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲများ၌ အဝေးကွင်းပရိသတ်များ လိုက်ပါအားပေးခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားခြင်းကို ရုပ်သိမ်းလိုက်ပြီး ပြန်လည်ကြည့်ရှုခွင့်ပြုမည်ဟု အ တည်ပြုကြေညာခဲ့သည်။ 

UEFA သည် ခြေစစ်ပွဲကာလတွင် အဝေးကွင်းပရိသတ်များအား ကြည့်ရှုခွင့် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်ပြီး ယခု အုပ်စုအဆင့်ပွဲစဉ်များ စတင်ရန် နီးကပ်လာချိန်၌ ပြန်လည်ကြည့်ရှုခွင့် ပြုလိုက်ခြင်းဖြစ်သည်။ 

သို့သော် အိမ် ရှင်နိုင်ငံများ၏ စည်းမျဉ်းသတ်မှတ်ချက်များအတိုင်းသာ အဝေးကွင်းပရိသတ်များအနေဖြင့် ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး သီးခြားကန့်သတ်ပိတ်ပင်မှုများ ဆက်ရှိနိုင်ကြောင်း သိရသည်။ 

ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်များကို စက်တင်ဘာ(၁၄) တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်ယူအသင်းက အဝေးကွင်းပွဲ စတင်ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK