Top News

ဘာစီလိုနာအသင်း၏ တိုက်စစ်ကစားသမားများဖြစ်သည့် အဂွဲရိုးနှင့် ဒမ်ဘီလီ နိုဝင်ဘာမှ ကစားနိုင်မည်
24htopnews | December 28, 2024 5:12 PM CST

 

ဘာစီလိုနာအသင်း၏ တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သော အဂွဲရိုးနှင့် ဒမ်ဘီလီတို့သည် ဒဏ်ရာပြဿနာများကြောင့် နိုဝင်ဘာလမှသာ အသင်းအတွက် ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် မန်စီးတီးအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိ ခဲ့သူဖြစ်ပြီး သြဂုတ်လအတွင်းမှာပင် ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့သဖြင့် (၁၀)ပတ်ခန့်အနားယူရမည်ဟု အတည်ပြုထားသူဖြစ်သည်။ 

ဒမ်ဘီလီမှာလည်း ပြီးခဲ့သည့် ဇွန်လကတည်းက ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး (၄)လခန့် အနားယူရမည် ဟု ခန့်မှန်းခံထားရသည်။ 

ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းက ၎င်းတို့နှစ်ဦးကို အောက်တိုဘာလကုန်ပိုင်းတွင် ပြန်လည်အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားသော်လည်း နိုဝင်ဘာမှ ကစားနိုင်မည်ဟု AS က ဖော်ပြခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK