Top News

စပါး - ချယ်လ်ဆီးပွဲကို ကာဗွန်ကင်းစင်သည့် ဘောလုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားမည်
24htopnews | December 28, 2024 5:12 PM CST

 

စက်တင်ဘာလ(၁၉)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် စပါးနှင့် ချယ်လ်ဆီးအသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကမ္ဘာ့ပထမဆုံး ကာဗွန်ကင်းစင်ဘောလုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယခုအစီအစဉ်ကို ဗြိ တိန်အစိုးရ၊ Sky ရုပ်သံနှင့် အိမ်ရှင်စပါးအသင်းတို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ဘောလုံးပရိသတ်များအား အသိပညပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ယင်းပွဲစဉ်တွင် ကစားသမားများသည် ပလတ်စတစ်ရေဘူးများအစား ကတ်ထူဘူးများ အသုံးပြုခြင်း၊ ပရိသတ်များအား အများသုံးယာဉ်ရထားများ သို့မဟုတ် စက်ဘီးများဖြင့် သယ်ယူ ပို့ဆောင်ပေးခြင်း၊ ကွင်းအတွင်း ကာဗွန်မသုံးစွဲရသည့် အစားအသောက်များကိုသာ အဓိကရောင်းချပေးခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK