Top News

ပြင်ဆင်ချိန် ပိုယူလိုသဖြင့် ချန်ပီယံလိဂ်ပွဲမှသာ မန်ယူအသင်းအတွက် စီရော်နယ်လ်ဒို စတင်ကစားဖွယ်ရှိ
24htopnews | December 28, 2024 5:12 PM CST

 

မန်ယူအသင်းသို့ တစ်ကျော့ပြန်ပြောင်းရွှေ့လာသည့် စီရော်နယ်လ်ဒိုသည် ပြင်ဆင်ချိန် ပိုယူလိုသဖြင့် ယခုတစ်ပတ် နယူးကာဆယ်နှင့်ပွဲအစား ချန်ပီယံလိဂ်ပွဲမှသာ စတင်ကစားဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ကြာသပတေးနေ့ ညနေပိုင်းတွင် မိသားစုနှင့်အတူ သီးသန့်လေယာဉ်ဖြင့် မန်ချက်စတာလေဆိပ်သို့ ရောက်ရှိလာပြီး Quarantine ငါးရက် နေထိုင်လျက်ရှိသည်။ 

၎င်းသည် ယနေ့မှစ၍ မန်ယူ အသင်းနှင့် စတင်ပူးပေါင်းမည်ဖြစ်သော်လည်း ပြင်ဆင်ချိန် ပိုမိုရယူလိုသဖြင့် စနေနေ့ ကစားမည့် နယူးကာဆယ်နှင့် ပရီးမီးယားလိဂ် ပွဲတွင် ပါဝင်ကစားဖွယ်မရှိသေးဘဲ အင်္ဂါနေ့ တွင် ယန်းဘွိုင်းစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲမှသာ စတင်ကစားဖွယ်ရှိကြောင်း The SUn နှင့် Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။ 

စီရော်နယ်လ်ဒိုအနေဖြင့် မန်ယူအသင်းတွင် ဂန္ထဝင်နံပါတ် ၇ ကို ပြန်လည်ဝတ်ဆင်ခွင့်ရမည်ဖြစ်ပြီး ယင်းနံပါတ်ဝတ်ဆင်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပြီးနောက် နံပါတ် ၇ နှင့် ၎င်းအမည်ပါဝင်သည့် ဂျာစီ အကျႌရောင်းအားမှာ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်း၏ တရားဝင်မိတ် ဖက်ကုမ္ပဏီဖြစ်သည့် Fanatics ၏ ထုတ်ပြန်မှုအရ ယူနိုက်တက်အွန်လိုင်းစတိုးတွင် တစ်ရက်အတွင်း ရောင်းအားအကောင်းဆုံးစံချိန်ကို စီရော်နယ်လ်ဒိုက တစ်နာရီဖြင့် ချိုးဖျက် နိုင်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွင်လည်း တန်းစီဝယ်ယူရသည်အထိဖြစ်ခဲ့သည်။


READ NEXT
Cancel OK