Top News

ဟိန်းထက်အောင်ကစားနေသည့် ဆီလန်ဂေါအသင်း မလေးရှားစူပါလိဂ်တွင် ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် အခွင့်အရေးရှိနေ
24htopnews | December 28, 2024 5:12 PM CST

 

မြန်မာလူငယ် တိုက်စစ်ကစားသမား ဟိန်းထက်အောင် ပါဝင်ကစားနေသည့် ဆီလန်ဂေါအသင်းသည် ၂၀၂၁ ရာသီ မလေး ရှားစူပါလိဂ်တွင် ထိပ်ဆုံးငါးသင်းစာရင်းဝင် ရန် အခွင့်အရေးရှိနေကြောင်း သိရသည်။

ဆီလန်ဂေါအသင်းသည် ပွဲစဉ် ၂၁ အပြီး တွင် ရမှတ်၃၆ မှတ်ဖြင့် အဆင့် ၅ နေရာ ရပ်တည်နေပြီး ထိပ်ဆုံးငါးသင်းစာရင်းဝင် ရန် အခြေအနေကောင်းနေခြင်းဖြစ်သည်။ လက်ကျန်တစ်ပွဲကစားရန်သာ လိုတော့သည့် အချိန်တွင် ဂျိုဟိုးဒါရူးလ်အသင်းက ရမှတ် ၅၄ မှတ်ဖြင့် ပွဲစဉ်မကုန်မီ ချန်ပီယံဖြစ်ခဲ့ပြီး ပီနန်အသင်းက ရမှတ် ၄၀၊ ကီဒက်ရှ်အသင်း က ရမှတ် ၃၉ မှတ်၊ တီရန်ဂါနူးအသင်းက ရမှတ် ၃၇ မှတ်၊ ဆီလန်ဂေါအသင်းက ရမှတ် ၃၆ မှတ်ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။ 

ဆီလန်ဂေါ အသင်းသည် နောက်ဆုံးပွဲအဖြစ် ပတ်တလင်းဂျာယာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိမ့်ဆုံး သရေတစ်မှတ်ရယူနိုင်ပါက အဆင့် ၅ နေရာတွင် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ အကယ်၍ အနိုင်ရပါက အဆင့် ၄ နေရာတွင် ရပ်တည်နေသည့် တီရန်ဂါနူး  အသင်း၏ ရလဒ်အပေါ်မူတည်၍ အဆင့်ရပ်တည်မှု အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်။

ဟိန်းထက်အောင်သည် ဆီလန်ဂေါ အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး ဒုတိယအကျော့မှသာ စီနီယာအသင်းတွင် ပါဝင်ကစားခွင့်ရသော်လည်း ပုံမှန်ပွဲထွက်ခွင့် ရနေသည့်အပြင် ခြေစွမ်းပြကစားလျက်ရှိ သည်။  ဟိန်းထက်အောင်သည် ရာသီအစ တွင် ဆီလန်ဂေါ (ခ) အသင်း၌ ကစားခဲ့ရပြီး နောက်ပိုင်းမှ စီနီယာအသင်းတွင် ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK