Top News

စည်းမျဉ်းချိုးဖောက်ခဲ့သည့် အာဂျင်တီးနားကစားသမားလေးဦးကို ဘရာဇီးလ်ဖက်ဒရယ်ရဲတပ်ဖွဲ့ စစ်ဆေး
24htopnews | December 28, 2024 5:12 PM CST

 

COVID-19 ရောဂါဆိုင်ရာ စည်းမျဉ်းချိုးဖောက်ခဲ့သည့် အာဂျင်တီးနားကစားသမား လေးဦးကို ဘရာဇီးလ်ဖက်ဒရယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္ဂနွေနေ့ ညပိုင်းက ဘရာဇီးလ်-အာဂျင်တီးနား ကမ္ဘာ့ဖလားခြေစစ်ပွဲ ရပ်ဆိုင်းခဲ့ရခြင်းအတွက် အဓိကတာဝန်ရှိသည့် အာဂျင်တီးနားကစားသမားလေးဦးကို ရဲတပ်ဖွဲ့က စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့အမည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ပရီးမီးယားလိဂ်ကလပ် စပါးအသင်းမှ ဆယ်လ်ဆို နှင့် ရိုမဲရိုး၊ ဗီလာအသင်းမှ မာတီနက်ဇ်နှင့် ဘန်ဒီယာတို့ဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ 

ဘရာဇီးလ်နိုင်ငံ၏ COVID-19 စည်းမျဉ်းအရ ဗြိတိန်၊ တောင်အာဖရိကနှင့် အိန္ဒိယနိုင်ငံများ၌ ပြီးခဲ့သည့် ၁၄ ရက်အတွင်း နေထိုင်ခဲ့သူများအနေဖြင့် Quarantine နေထိုင်ရန် လိုအပ်ကြောင်း သိရသည်။ သို့သော် ၎င်းတို့အနေဖြင့် အချက် အလက်အမှားများဖြည့်သွင်း၍ ဝင်ရောက်ခဲ့ သောကြောင့် ပွဲကစားနေစဉ် ဘရာဇီးလ် ကျန်းမာရေးအာဏာပိုင်များက ကွင်းအတွင်း ဝင်ရောက်လာပြီး ထိန်းသိမ်းရန် ကြိုးပမ်းရာမှ ပွဲရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

"အချက်အလက်အမှားတွေဖြန့်ဝေတဲ့ ရာဇဝတ်မှုဖြစ်နိုင်တဲ့ အမှုတစ်ခုကို စတင်စစ်ဆေးနေပြီဆိုတာ အတည်ပြုနိုင်ပါတယ်။ အဲဒီကစားသမားတွေက နိုင်ငံကနေ ထွက် သွားတော့မယ်လို့ အကြောင်းကြားလာပါတယ်။ ဒါက ပုံမှန်လုပ်ထုံးလုပ်နည်း တစ်ခုပါ။ သူတို့ဆီက စစ်ချက်တွေယူထားပါ တယ်" ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ကစားသမားလေးဦးအနေဖြင့် အချက်အလက်အမှားများဖြည့်သွင်း၍ နိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြောင်း သက်သေပြနိုင်ပါက စွဲချက်များ ရင်ဆိုင်ရဖွယ်ရှိနေသည်။ 


READ NEXT
Cancel OK