Top News

ဘိုနူချီနှင့် ချီလီနီတို့ထံမှ ဒီလစ်သင်ယူမှုများစွာပြုလုပ်နိုင်လိမ့်မည်ဟု ရုဒ်ဂူးလစ်ဆို
24htopnews | December 28, 2024 5:12 PM CST

နယ်သာလန်ဂန္ထဝင်ကွင်းလယ်လူ ရုဒ်ဂူးလစ်က နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်အနေဖြင့် ကလပ်အသင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းမှ စီနီယာနောက်ခံလူ (၂)ဦးဖြစ်သော ဘိုနူချီနှင့် ချီလီနီတို့ထံမှ သင်ယူမှုများစွာပြုလုပ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ နယ်သာလန်နှင့် ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်သည် ဥရောပ၏ အလားအလာအရှိဆုံးနောက်ခံကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းတွင် အီတလီဝါရင့်နောက်ခံလူ (၂)ဦးဖြစ်သော ဘိုနူချီ၊ ချီလီနီတို့နှင့် တွဲဖက်ကစားခွင့်ရနေသူဖြစ်သည်။

ရုဒ်ဂူးလစ်က '' သူ (ဒီလစ်)ဟာ နောက်ခံလူတွေအတွက် အကောင်းဆုံးသောသင်တန်းကျောင်းကိုရောက်ရှိနေတာပါ။ (ဂျူဗင်တပ်စ်အသင်းတွင် ကစားခွင့်ရခြင်းကိုရည်ညွှန်း) ဘာကြောင့်လဲဆိုရင်တော့ ဘိုနူချီနဲ့ ချီလီနီဟာ လက်ရှိကာလရဲ့ အကောင်းဆုံးသော နောက်ခံကစားသမားတွေဖြစ်လို့ပါပဲ။ ဒီလစ်ဟာ ငယ်ရွယ်ပြီး သင်ယူစရာတွေများစွာရှိပါသေးတယ်။ သူ့အနေနဲ့ ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ဖို့လိုပါတယ်။ ဘိုနူချီနဲ့ ချီလီနီတို့ထံကနေ ဒီလစ်အနေနဲ့ သင်ယူမှုများစွာပြုလုပ်နိုင်မှာပါ" ဟုပြောကြားခဲ့သည်။

ဒီလစ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က အေဂျက်စ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၇၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် (၂)ရာသီအတွင်းအသင်းအတွက် ပြိုင်ပွဲစုံ (၇၇)ပွဲကစားကာ (၅)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။


READ NEXT
Cancel OK