အဇာဘိုင်ဂျန် - ပေါ်တူဂီ (အင်္ဂါည ၁ဝး၃၀ နာရီ)
ပေါ်တူဂီက အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် ဆားဘီးယားနဲ့ အပြိုင်ဖြစ်နေတယ်။ အဇာဘိုင်ဂျန်က အမှတ် ပေးဇယား အောက်ဆုံးကအသင်းဖြစ်ပြီး အသင်းတိုင်းကို အ မှတ်ပေးရမယ့် အနေအထားလည်းဖြစ်နေတယ်။ ပေါ်တူဂီက ဒီ ပွဲမှာ စီရော်နယ်လ်ဒို မကစားနိုင်ဘူး။ ဒါပေမဲ့ အသင်းရဲ့အင်အား က ဥရောပရဲ့ အကောင်းဆုံးအဆင့်မှာ ရှိနေဆဲဖြစ်ပြီး အလွယ် တကူ နိုင်ပွဲရလိမ့်မယ်။
အိုင်ယာလန် - ဆားဘီးယား (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ပုံမှန်အားဖြင့် ဒီနှစ်သင်းက အဆင့်တူ၊ ခြေသိပ်မကွာတဲ့ အသင်းတွေပါ။ အခုခြေစစ်ပွဲစဉ်တွေမှာတော့ အိုင်ယာလန်က အခြေအနေတော်တော်ဆိုးနေတယ်။ (၄)ပွဲကစားပြီးချိန်မှာ (၁) မှတ်နဲ့ အဆင့် (၄)အထိရောက်နေတယ်။ ပေါ်တူဂီကိုရှုံးတဲ့ပွဲမှာ ကစားပုံကောင်းပေမဲ့ အဇာဘိုင်ဂျန်လိုအသင်းမျိုးကို သရေကျခဲ့ တာကလည်း စိတ်ပျက်စရာပါ။ ဒီပွဲမှာ ဆားဘီးယားက ပိုသာ ပေမဲ့ ပုံမှန်ခြေရရင် အိုင်ယာလန် သရေလောက်တော့ရမယ်။
ပြင်သစ် - ဖင်လန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ပြင်သစ်က နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက်တိုက် သရေကျခဲ့တယ်။ ဒါကြောင့် ဖင်လန်ထက် (၄)မှတ် အသာကနေ ဦး ဆောင်နေတယ်ဆိုပေမဲ့ စိတ်မချရဘူး။ ပြင်သစ် (၅)ပွဲကစားပြီးချိန်မှာ ဖင်လန်က (၃)ပွဲပဲ ကစားရသေးတယ်။ ယူကရိန်း၊ ဘော့စ နီးယားတို့လိုအသင်းတွေကို သရေကျခဲ့သလို ဒီပွဲမှာ ထပ်ပြီးသရေကျရင် ဖင်လန်က ပြင်သစ်ကို ကျော်တက်ဖို့အတွက်တောင် မျှော်လင့်လို့ရသွားမယ့် အနေအထားဖြစ်တယ်။ ဒါ့အပြင် ပြင်သစ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာကြောင့် ဘာပေ မကစားနိုင်တာကလည်း အားနည်းသွားစေတယ်။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေတဲ့အပြင်၊ အဓိက ပြိုင်ဘက်အသင်းလည်းဖြစ်နေလို့ ပြင်သစ် မဖြစ်မနေအနိုင်ကစားလိမ့်မယ်ထင်တယ်။
သြစတြီးယား - စကော့တလန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
သြစတြီးယားက အစ္စရေးလိုအသင်းမျိုးကို ဂိုးပြတ်ရှုံးခဲ့ တာက အံ့သြစရာဖြစ်ပြီး စိတ်ချလို့မရတဲ့ခံစားမှုကိုလည်း ဖြစ် လာစေတယ်။ ပုံမှန်အားဖြင့် သြစတြီးယားက ခံစစ်ကောင်းသ လို၊ တိုက်စစ်လည်း ထက်မြက်တဲ့အသင်းမျိုးပါ။ စကော့တလန် ကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ မော်လ်ဒိုဗာ တစ်သင်း တည်းကိုပဲ အနိုင်ရခဲ့တယ်။ လက်ရှိအချိန်မှာ သြစတြီးယား သာ ပေမဲ့ အရမ်းမကွာဘူး။ (၂-၁)လောက်ဖြစ်မယ်။
ဒိန်းမတ် - အစ္စရေး(ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ဒီအုပ်စုမှာ ဒိန်းမတ်၊ အစ္စရေး၊ စကော့တလန်၊ သြစတြီး ယားတို့ရဲ့အားပြိုင်မှုက စိတ်လှုပ်ရှားစရာပါ။ ဒိန်းမတ်ကတော့ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ပြောလို့ရတယ်။ ဒိန်းမတ်က (၅)ပွဲဆက်နိုင်ထားပြီး အစ္စရေးကလည်း (၂)ပွဲဆက် ဂိုးပြတ်နိုင်ခဲ့တယ်။ ဖာရိုးကျွန်းစုလိုအသင်းမျိုးကို (၁)ဂိုးတည်း နဲ့ ကပ်နိုင်ခဲ့သလိုမျိုးသာကစားရင် အစ္စရေးကို ခက်ခက်ခဲခဲ က စားရလိမ့်မယ်။ ဒိန်းမတ် (၂-၁၊ ၂-၀)လောက်ဖြစ်မယ်။
နယ်သာလန် - တူရကီ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ပထမအကျော့ပွဲစဉ်မှာတုန်းက တူရကီက နယ်သာလန် ကို (၄-၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ အခု ဒီပွဲကတော့ နယ်သာလန် အိမ်ကွင်းအလှည့်ပါ။ ဒါပေမဲ့ နောက်ဆုံး (၂)ပွဲ ဆက် တူရကီကို နယ်သာလန် ဂိုးပြတ်ရှုံးထားတယ်။ စိတ်ဓာတ် ပိုင်းမှာ တူရကီ သာတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာကစားရလို့ နယ် သာလန် အမှားခံမယ်မထင်ဘူး။ နယ်သာလန် နိုင်ပါလိမ့်မယ်။
ခရိုအေးရှား - ဆလိုဗေးနီးယား (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ခရိုအေးရှားက နောက်ဆုံးပွဲမှာ ဘရိုဇိုဗစ်ရဲ့နောက်ကျဂိုး နဲ့ စလိုဗက်ကီးယားဆီက (၃)မှတ်အပြည့်ယူနိုင်ခဲ့တယ်။ ရုရှား ကို ဆက်လက်ဖိအားပေးနေဆဲဖြစ်ပြီး ဒီပွဲလည်း ရုရှား အမှတ် ပြည့်ရမယ့်အပတ်မှာ အမှားခံလို့မရတဲ့ အနေအထားဖြစ်တယ်။ နှစ်သင်းစလုံးက အားနည်းချက်တွေရှိပေမဲ့ ခရိုအေးရှားက အား ကောင်းနေဆဲပါ။ ဆလိုဗေးနီးယားရဲ့ ခံစစ်ကစားပုံကြောင့် ဂိုးအ များကြီးမရနိုင်ပေမဲ့ ကပ်နိုင်ပါလိမ့်မယ်။
ရုရှား - မော်လ်တာ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ရုရှားက ဆိုက်ပရပ်စ်ကို အနိုင်ရခဲ့ပြီးတဲ့နောက် နောက် ထပ် (၃)မှတ်သေချာတဲ့ပွဲတစ်ပွဲကို ကစားရမှာဖြစ်တယ်။ ခရို အေးရှားနဲ့ အမှတ်တူဦးဆောင်နေပြီး နိုင်ပွဲနဲ့အတူ ခရိုအေးရှား ခြေအချော်ကို စောင့်ရမယ့်အနေအထားလည်းဖြစ်တယ်။ ဒီပွဲ က ရုရှား ဂိုးပြတ်သွင်းမယ့်ပွဲပါ။
■ အခြားပွဲစဉ်များ
နော်ဝေ - ဂျီဘရော်လ်တာ(ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ဆလိုဗက်ကီးယား - ဆိုက်ပ်ရပ်စ်(ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
ဖာရိုးကျွန်းစုများ - မော်လ်ဒိုဗာ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
မွန်တီနီဂရိုး - လတ်ဗီးယား (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
