ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအ ပြောင်းအရွှေ့ကာလတွင် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူနိုင်ခြင်း မရှိခဲ့သော်လည်း လာမည့်နွေရာသီတွင် လက်မှတ်ထိုးကြေး ယူရိုသန်း(၈၀)အထိပေး၍ ခေါ်ယူရန် စီစဉ်ထား ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ဘာပေကို အသင်း၏ အနာဂတ်ကစားသမားအဖြစ် ရည်ရွယ်ထားခြင်းကြောင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ ပိတ်သိမ်းခါနီးတွင် ယူရိုသန်း(၂၀၀)အထိ အသုံးပြု၍ ခေါ်ယူရန် ကြိုးပမ်းခဲ့သည်။
သို့သော် PSG အသင်းက လက်မခံခဲ့သဖြင့် အပြောင်းအရွှေ့ဖြစ်မြောက်ခြင်းမရှိဘဲ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှသာ ကြိုတင်သဘောတူညီမှု ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
ယင်းအခြေအနေမှာ ပြိုင်ဘက်အသင်းများအတွက်လည်း အခွင့်အရေးတစ်ရပ်ဖြစ်နေပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ဘာပေကို အပြိုင်အဆိုင်ကြိုးပမ်းဖွယ်ရှိနေခြင်းကြောင့် ရီးယဲလ်အသင်းက မြင့်မားသည့် လက်မှတ်ထိုးကြေးပေး၍ မလွတ်တမ်းခေါ်ယူနိုင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်းလည်း Marca က သုံးသပ်ဖော်ပြခဲ့သည်။
ထို့ပြင် Marca က ဘာပေသည် လာမည့်နွေရာသီ၌ PSG အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရမည့် ကစားသမားဟု သတ်မှတ်ထားကြသော်လည်း ၎င်း၏ခြေစွမ်း၊ အသက်အရွယ်၊ အနာဂတ်အလားအလာတို့ကြောင့် မည်သည့်အသင်းမဆို လက်မှတ်ထိုးကြေး မြင့်မားစွာ ပေးရလိမ့်မည်ဖြစ်ပြီး ယင်းအတွက် ရီးယဲလ်အသင်းက ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သို့သော် ပြီးခဲ့သည့် နွေရာသီတွင် ယူရိုသန်း(၂၀၀)ဖြင့်ပင် ခေါ်ယူနိုင်ခြင်း မရှိခဲ့သည့် ကစားသမားကို ယူရိုသန်း(၈၀)ဖြင့် ခေါ်ယူနိုင်မည်ဆိုလျှင်လည်း ကျေနပ်စရာဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ဘာပေသည် အခြားအသင်းများထက် ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ရန်သာ စိတ်အားထက်သန်နေသူဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
