Top News

တစ်ပတ်လုပ်ခ ပေါင် (၅၀၀၀၀၀) အထိ ဆာလာတောင်းဆိုနေပြီး သဘောတူညီမှုရရှိပါက ပရီးမီးယားလိဂ်တွင် လစာအများဆုံးဖြစ်လာမည်
24htopnews | December 28, 2024 5:12 PM CST

လီဗာပူးလ်အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဆာလာသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရာတွင် တစ်ပတ်လုပ်ခ ပေါင် (၅၀၀၀၀၀) အထိ တောင်းဆိုနေကြောင်း သိရသည်။

ဆာလာသည် လက်ရှိအချိန်တွင် အသင်း၏ အဓိကနောက်ခံလူတစ်ဦးဖြစ်သည့် ဗန်ဒိုက်နှင့်အတူ လီဗာပူးလ်၏ လစာအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နေပြီး တစ်ပတ် လုပ်ခ ပေါင် (၂၂၀၀၀၀) အထိရရှိနေသူဖြစ်သည်။

သို့ရာတွင် စာချုပ်သစ်တွင်မူ ယင်းထက် ပိုမိုရရှိသင့်သည်ဟု ဆာလာက ယူဆနေပြီး တစ်ပတ်လုပ်ခ ပေါင် (၅၀၀၀၀၀)အထိ အလိုရှိနေခြင်းဖြစ်သည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

အီဂျစ်ကြယ်ပွင့်ကစားသမားသည် အသက် (၂၉)နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ယခင်က ရီးယဲလ်မက်ဒရစ်နှင့် PSG အသင်းတို့၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသော်လည်း အသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။

သူသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသေးသော်လည်း လစာနှုန်းထားတိုးမြှင့်ကာ အသင်းနှင့် နှစ်ရှည်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ အာနိုးလ် စသည့် ကစားသမားများကို မကြာသေးမီက စာချုပ်သစ်များ ချုပ်ဆိုခဲ့ပြီးနောက် ဆာလာကလည်း သက်တမ်းတိုးရန်ဆန္ဒရှိနေသည်။

လီဗာပူးလ်အသင်းသည် ဆာလာအား စာချုပ်သက်တမ်းတိုးမြှင့်လိုသော်လည်း ၎င်းအလိုရှိသည့်နှုန်းထားအထိ ပေးရန်မူ အခက်အခဲရှိနေသည်ဟု Mirror သတင်းစာက ဆိုခဲ့ပြီး သဘောတူညီမှုမရပါက အသင်းနှင့် လမ်းခွဲသည့် အခြေအနေလည်း ရှိလာနိုင်သည်ဟု သုံးသပ်ခဲ့သည်။ 


READ NEXT
Cancel OK