လက်ရှိဘောလုံးလောကတွင် မန်စီးတီးအသင်း၏ လူစာရင်းမှာ တန်ဖိုးအကြီးဆုံးအဖြစ် ဆက်လက်ရပ်တည်နေကြောင်း CIES က ဖော်ပြခဲ့သည်။
အဆိုပါလူစာရင်းတန်ဖိုးမှာ ကစားသမားခေါ်ယူရာတွင် ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးတန်ဖိုးအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်ပြီး အပိုထပ်ဆောင်းပေးရမည့် Add-ons ကြေးများ ပါဝင်ခြင်းမရှိကြောင်းလည်း သိရသည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီကလည်း တန်ဖိုးအကြီးဆုံးလူစာရင်း ပိုင်ဆိုင်သည့်အသင်းအဖြစ် ရပ်တည်ခဲ့ပြီး ယခုရာသီအတွက် ထူးခြားမှုမှာ ဒုတိယနေရာမှ မန်ယူအသင်းနှင့် တန်ဖိုးကွာဟချက် လျော့နည်းသွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရာသီက မန်စီးတီးနှင့် မန်ယူအသင်းတို့ကြား တန်ဖိုးကွာဟချက် (၁၆၅)သန်းရှိခဲ့ပြီး ယခုရာသီတွင် (၄၉)သန်းသာ ရှိတော့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အသင်းများအနက် တန်ဖိုးအနည်းဆုံးမှာ နောဝစ်ချ်အသင်း ပေါင်(၇၅)သန်းဖြစ်ခြင်းကြောင့် မန်စီးတီးအသင်းအနေဖြင့် ယင်းအသင်းထက် တန်ဖိုး(၁၂)ဆဝန်းကျင် များပြားနေကြောင်းလည်း သိရသည်။
ထို့ပြင် ပရီးမီးယားလိဂ်၏ အစဉ်အလာထိပ်သီး(၆)သင်းမှာ တန်ဖိုးအကြီးဆုံး (၁၀)သင်းစာရင်းတွင် ရပ်တည်နိုင်ခဲ့သည်။ ထိပ်ဆုံး(၁၀)သင်းစာရင်း၌ ပရီးမီးယားလိဂ်ထိပ်သီးများနှင့်အတူ ပါဝင်ခဲ့သည်မှာ PSG၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းတို့ဖြစ်သည်။
ပရီးမီးယားလိဂ်အသင်းများသည် ကပ်ဘေးကာလနှင့် ရင်ဆိုင်နေရသည့် အခြေအနေမှာပင် ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့ကြပြီး ကပ်ဘေးကာလ အပြောင်းအရွှေ့ စျေးကွက်(၃)ခုအတွင်း၌ ပြိုင်ဘက်လိဂ်များ လိုက်မမီနိုင်သည့် ပမာဏအထိ သုံးစွဲခဲ့သည်။
ထို့ကြောင့် လူစာရင်းတန်ဖိုးအကြီးဆုံးစာရင်း၌ အများအပြားနေရာယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်၏ တန်ဖိုးအနည်းဆုံးဖြစ်သော နောဝစ်ချ်အသင်းပင် ဥရောပကလပ်အသင်းအားလုံးထဲ၌ အလယ်အလတ်နေရာ ရပ်တည်နိုင်ခဲ့ကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။
လူစာရင်း တန်ဖိုးအကြီးဆုံးအသင်းများ
အသင်း တန်ဖိုး(ပေါင်)
မန်စီးတီး ၉၂၆ သန်း
မန်ယူ ၈၇၇ သန်း
PSG ၈၂၀ သန်း
ရီးယဲလ် ၆၇၅ သန်း
ချယ်လ်ဆီး ၆၆၉ သန်း
လီဗာပူးလ် ၅၇၆ သန်း
ဂျူဗင်တပ်စ် ၅၆၃ သန်း
ဘာစီလိုနာ ၅၅၁ သန်း
အာဆင်နယ် ၅၄၂ သန်း
စပါး ၄၇၂ သန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
