ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ကျောင်းတက်ရန်သွားသည့် ကျောင်းဆရာမတစ်ဦး လမ်းတွင် အသတ်ခံရမှု ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူအား ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်က ကျောက်ဖြူခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အမှုအား ဇန်နဝါရီ ၇ ရက်တွင် ကျောက်ဖြူခရိုင်တရားရုံးတွင် စတင်စစ်ဆေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်တွင် ကျောက်ဖြူခရိုင်တရားရုံးမှ တရားခံ ရွှေထူး (ခ) အေးချမ်း (၂၃ နှစ်) အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ကျောက်ဖြူခရိုင်တရားရုံးမှ သိရသည်။
အဆိုပါကျောင်းဆရာမသည် ရမ်းဗြဲမြို့နယ် စည်ရင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တောင်ရွာ အမကကျောင်းသို့ ကျောင်းတက်ရန် သွားရောက်စဉ် မီးကျောင်းတက်-သပြေကျွန်းလမ်းပိုင်း အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အိမ်နှင့် ကျောင်းမှာ သုံးမိုင်ခန့်ဝေးကွာပြီး ခြေလျင်သွားကာ ကျောင်းတက်ခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသူမှာ အသက် ၂၇ နှစ်အရွယ် ဒေါ်မေဇင်နှင်း ဆိုသူဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါဆရာမအနေဖြင့် နံနက်ကတည်းက ကျောင်းသို့ ထွက်ခွာသွားခဲ့သော်လည်း ယခင်ရက်များကဲ့သို့ အိမ်ပြန်ထမင်းမစားသဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ရှာဖွေရာ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် လမ်းဘေးရှိ ချောင်းငယ်အနီးတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ကနဦးသတင်းများအရ အဆိုပါသေဆုံးသူမှာ လည်ပင်းအား ညှစ်ခံထားရသည့်လက္ခဏာများကို တွေ့ရှိရကြောင်းနှင့် လျှာကို ကိုက်ကာသေဆုံးနေသည့် အပြင် မအင်္ဂါစပ်တွင် သွေးစများကို တွေ့ ရသဖြင့် သေဆုံးသူမှာ တစ်စုံတစ်ယောက်က သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်းလည်း သိရသည်။
“ လမ်းဘေးမှာ ဖိနပ်တစ်ဖက်တွေ့တယ်။ အဲဒီအနီးအနားမှာ လိုက်ကြည့်တော့ အောက်ဘက်ချောင်းစပ်နားမှာ သေဆုံးနေတဲ့ သမီးအလောင်းကို တွေ့ရတယ်။ လည်ပင်းမှာ ညိုမည်းဒဏ်ရာတွေ ရထားတယ်။ နောက်ပြီး မအင်္ဂါစပ်မှာ သွေးစတွေတွေ့တယ်။ ဒါကြောင့် အမှုဖွင့်ထားပါတယ်။ လောလောဆယ်တော့ အဲဒီလောက်ပါပဲ။ ကျန်တွေကိုတော့ ရဲလုပ်ထုံးလုပ်နည်းအရ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟုလည်း လေးတောင်စခန်းမှ တပ်ကြပ်စံရွှေသာက အခင်းဖြစ်ပွားသောနေ့က ပြောကြားခဲ့သည်။
အမှုနှင့်ပတ်သက်၍ လေးတောင်စခန်းက (ပ)၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၂၀၃/ ၃၇၆/ ၃၉၄ အရ စတင်အမှုဖွင့်လှစ်ခဲ့ပြီးနောက် တရားခံအား ဖမ်းဆီးရရှိရေးဆောင်ရွက်ခဲ့ပြီး ရာဇဝတ်ကြီးအမှုအမှတ် ၁/၂၀၁၉ ဖြင့် ဇန်နဝါရီ ၇ ရက်တွင် ကျောက်ဖြူခရိုင်တရားရုံးတွင် အမှုကို စတင်စစ်ဆေးခဲ့ပြီး တရားခံအား ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်တွင် ကျောက်ဖြူခရိုင်တရားရုံးမှ တရားခံ ရွှေထူး (ခ) အေးချမ်း (၂၃ နှစ်) အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
