Top News

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်မှစ၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာ ကျပ်၂၁၀၀ အစား Market Trading Rate တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်ဖြင့် အခွန် ပြောင်းလဲကောက်ခံမည်
24htopnews | December 28, 2024 6:12 PM CST

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်မှစ၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာ ကျပ်၂၁၀၀ အစား Market Trading Rate တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်ဖြင့် အခွန် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်သည့် အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် ( ဝဝ၇ / ၂၀၂၄)တွင် ဖော်ပြထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ( ၉၀ / ၂၀၂၄) အရ အကောက်ခွန်ဦးစီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်မှစ၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေ လဲလှယ်နှုန်း (Reference Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံလျက်ရှိရာမှ ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) အစား ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ် ကောက်ခံ မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အခွန်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံ၍ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ Website ၊ Facebook Page များတွင် အပတ်စဉ် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ဖြစ်ပြီး စျေးကွက်အရောင်းအဝယ်​ွေလဲလှယ်နှုန်း(Market Online Trading Rate)မှာ တစ်ဒေါ်လာလျှင် ၃၅၈၈ ကျပ်ဖြစ် သည်။

 


READ NEXT
Cancel OK