မန္တလေးမြို့လယ်ကောင် ၂၆ ဘီ လမ်းပေါ်တွင် ညအချိန်၌ ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို ဖမ်းဆီး ရမိပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
"ဟုတ်ကဲ့ သေနတ်နဲ့ပစ်တဲ့သူကို ဖမ်းမိပါပြီ။စုစုပေါင်း လေးယောက်ပေါ့။ သိရသလောက်တော့ သေနတ်နဲ့ပစ်ခံရတဲ့ကောင်လေးရဲ့ ကောင်မလေးနဲ့ ရည်းစားဟောင်းတွေလို့ သိရပါတယ်။ လတ်တလော စစ်ပြီးသလောက်ပေါ့။ သေနတ်တွေဘယ်ကရတယ် ဘာညာဆိုတာကတော့ အကုန်ပြန်စစ်ပြီးမှပဲ သိရမှာ။ညနေထဲက ကောင်လေးတွေက ခေါင်ရည်တွေဘာတွေသောက်ထားပြီး လမ်းမှာ သူ့ရည်းစားဟောင်းကိုတွေ့လိုက်လို့ ပစ်တယ်လို့ပြောတာပဲ"ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ် တာဝန်ခံ ရဲအုပ် ဝင်းကျော်ဦးက တရားခံ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
ဇွန်လ၂၇ ရက် ည ၈ နာရီခန့်က ၂၆ ဘီ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ်၌ နေထိုင်သည့် မောင်မိုးဟိန်းကို မောင်းနှင်လာသည့်ဆိုင်ကယ်နှင့် အနီးကပ်ဘေးမှရှိသည့် အခြားဆိုင်ကယ်ပေါ်မှ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
" ကျွန်တော့် သားလေးက ဆိုင်ကယ်မောင်းလာတာ။ သူ့နောက်မှာ သူငယ်ချင်းက ထိုင်လိုက်လာတယ်။ အဲဒီအချိန် ဘေးအနားက ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ အနားကပ်ပြီး တေ့ပစ်သွားတာပါ။ နံကြားထဲ ဝင်သွားတာ။ ကျည်ဆန်ဝင်သွားပေမယ့် အသက်အန္တရယ် မစိုးရိမ်ရပါဘူး။ ခွဲစိတ်ဖို့ ပြုလုပ်နေပါတယ်။ တရားခံတွေမိပြီလို့လည်း ကြားတယ်"ဟု သေနတ်ဖြင့် ပစ်ခတ်ခံရသူ၏ဖခင် ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
