Top News

မန္တလေးမြို့လယ်ကောင်တွင် ညအချိန်၌ ဆိုင်ကယ်စီးလာသူ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
24htopnews | December 28, 2024 6:12 PM CST

မန္တလေးမြို့လယ်ကောင်ဖြစ်သော ၂၆ ဘီ လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်မှု ဇွန် ၂၇ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။



ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ည ၈ နာရီဝန်းကျင်ခန့်က ၂၆ ဘီလမ်း ၇၈ လမ်းနှင့် ၇၉ လမ်း ကြားတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ အမျိုးသားအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်ကြီးတံခွန်တွင် နေထိုင်သည့် မောင်မိုးဟိန်းကို (၁၇ နှစ်) မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် အနီးကပ်ဘေးမှရှိသည့် အခြားဆိုင်ကယ်ပေါ်မှ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

" ကျွန်တော့် သားလေးက ဆိုင်ကယ်မောင်းလာတာ။ သူ့နောက်မှာ သူငယ်ချင်းက ထိုင်လိုက်လာတယ်။ အဲဒီအချိန် ဘေးအနားက ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ အနားကပ်ပြီး တေ့ပစ်သွားတာပါ။ နံကြားထဲ ဝင်သွားတာ။ ကျည်ဆန်ဝင်သွားပေမယ့် အသက်အန္တရယ် မစိုးရိမ်ရပါဘူး။ ခွဲစိတ်ဖို့ ပြုလုပ်နေပါတယ်။ တရားခံတွေမိပြီလို့လည်း ကြားတယ်"ဟု သေနတ်ဖြင့် ပစ်ခတ်ခံရသူ၏ဖခင် ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင်လည်း " သေနတ်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်သွားတာ မှန်ပါတယ်။ အမှုတွက် စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေတဲ့အတွက် အသေးစိတ် ပြောလို့မရသေးပါဘူး" ဟု ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ဖြေကြားခဲ့သည်။

 

 


READ NEXT
Cancel OK