
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် COVID-19 ကပ်ရောဂါ စတုတ္ထလှိုင်းဖြစ်ပွားဖွယ်ရှိကြောင်း ခန့်မှန်းဖော်ပြထားသည့် ဗီဒီယိုသည် အတုဖြစ်ကြောင်း NDTV ရုပ်သံက ဖော်ပြခဲ့သည်။
ထိုဗီဒီယိုသည် အိန္ဒိယနိုင်ငံ၏ လူမှုမီဒီယာအသုံးပြုသူများအကြား မကြာသေးမီက ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
ထိုဗီဒီယိုထဲတွင် ပြည်သူများအနေဖြင့် လာမည့်ရက်ပေါင်း ၄၀ အတွင်း သတိနှင့်နေထိုင်ကြရန်၊ အရှေ့အာရှတွင် ကိုဗစ်ကူးစက်မှုများမြင့်တက်နေကြောင်း ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ဦးက သတိပေးနေပုံကို ဖော်ပြထားသည်။
သို့သော် အိန္ဒိယ၏ သတင်းမီဒီယာတစ်ခုဖြစ်သည့် PTI ၏ အချက်အလက်မှန်ရှာ ဖွေဖော်ထုတ်ရေးအဖွဲ့က ထိုဗီဒီယိုသည် ယခုရိုက်ကူးထားသည့်ဗီဒီယိုမဟုတ်ဘဲ ၂၀၂၂ ခုနှစ်ကတည်းက ရိုက်ကူးတင်ဆက်ထားသည့် ဗီဒီယိုဖြစ်ကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက်က facebook အသုံးပြုသူတစ်ဦးက ထိုဗီဒီယိုကို မျှဝေခဲ့ခြင်းဖြစ်သည်။
“၂၀၂၅ နှစ်သစ်မှာ ဂရုစိုက်ကြပါ။ ကိုရိုနာရဲ့ ခြိမ်းခြောက်မှုဟာ နောက်တစ်ကြိမ်ပြန်ရောက်လာပါပြီ။ တရုတ်မှာ နေ့တိုင်း လူပေါင်းထောင်ချီ သေနေကြပါတယ်” ဟူသည့် စာသားဖြင့် ထိုဗီဒီယိုကို တင်ခဲ့ခြင်းဖြစ်သည်။
ထိုနောက် ယင်းဗီဒီယိုသည် လူမှုကွန်ရက်အသုံးပြုသူများအကြား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
သို့သော် PTI က Google တွင် Key Word အသုံးပြုပြီးရှာဖွေခဲ့ရာတွင် ထိုဗီဒိယိုထဲတွင်ဖော်ပြထားသည့် အချက်အလက်များနှင့်ပတ်သက်ပြီး ခိုင်လုံသည့်သတင်းများကို မတွေ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အိန္ဒိယ၏ ကျန်းမာရေးနှင့် မိသားစု သက်သာချောင်ချိရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်လည်း အိန္ဒိယ၌ လက်ရှိကို ဗစ်လူနာ ၁၁ ဦးသာရှိကြောင်းဖော်ပြထားသည်။
ထို့ပြင်ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင်လည်း COVID-19 စတုတ္ထလှိုင်းအကြောင်းနှင့် ရောဂါကူးစက်မှုများမြင့်တက်နေသည် ဆိုသည့်သတင်းများကို ဖော်ပြထားခြင်းမရှိပေ။
PTI မီဒီယာက ဗီဒီယိုထဲတွင်ပါသည့် သတင်းအစီအစဉ်တင်ဆက်သူ ဆေးယက်ဆူဟိုင်းကို ဆက်သွယ်မေးမြန်းချိန်တွင်လည်း ဆူဟိုင်းက ထိုဗီဒီယိုသည် ၂၀၂၂ ခုနှစ်က ဗီဒီယိုဖိုင်အဟောင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
“ဒီဗီဒီယိုထဲက အချက်အလက်တွေက ၂၀၂၂ ခုနှစ်က သတင်းတွေကို အခြေခံထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အဲဒီလိုသတင်းတွေ ထွက်ပေါ်ခဲ့ခြင်းမရှိပါဘူး”ဟု ဆူဟိုင်းက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် မေ ၅ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်မှ အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။
WHO သည် COVID-19 ကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်က ကြေညာခဲ့ခြင်းဖြစ်ပြီး သုံးနှစ်အကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကူးစက်ခံခဲ့ရသည့် အတည်ပြုလူနာပေါင်း သန်း ၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၇ သန်းကျော်ရှိခဲ့သည်။
Ref: NDTV
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်