လက်ကျန်ပွဲများအနက် ဘိုင်ယန်မြူးနစ်-ချယ်လ်ဆီး၊ ဘာစီလိုနာ-နာပိုလီ ပွဲစဉ်များလည်း ကျန်ရှိနေသေးပြီး PSG၊ အတ္တလန္တာ၊ အက်သလက်တီကိုနှင့် လိုက်ပ်ဇစ်အသင်းတို့မှာမူ ကွာတားဖိုင်နယ်သို့ တက်ရောက်ထားပြီး ဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အချိန်ကို မေ ၂၇ ရက်တွင်ကျင်းပပြုလုပ်မည့် အမှုဆောင်ကော်မတီ ဘုတ်အဖွဲ့အစည်းအဝေး တွင် အပြီးသတ် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲကို ဥရောပပြည်တွင်းလိဂ်များပြီးဆုံးမည့် သြဂုတ်မှသာ စတင်ကျင်းပရန် စီစဉ်ထားပြီး နေ့ရက် နှင့် အချိန်ကို မေ ၂၇ ရက်တွင်ပြုလုပ်မည့် UEFA အမှုဆောင်ကော်မတီ ဘုတ်အဖွဲ့ အစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ဒုတိယ အကျော့ လေးပွဲကျန်ရှိနေသေးပြီး မန်စီးတီး- ရီးယဲလ်မက်ဒရစ်ပွဲကို သြဂုတ် ၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်နှင့် စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ ထို့ပြင် လိုင် ယွန်အသင်းဥက္ကဋ္ဌ ယန်းမစ်ချယ်အောလက်စ်ကလည်း ဂျူဗင်တပ်စ်-လိုင်ယွန်ပွဲကို သြဂုတ် ၇ ရက်တွင် ပြန်လည်ကစားမည်ဟု ထုတ်ဖော်ပြောကြားသဖြင့် လိုင်ယွန်အသင်းက ကြေညာချက်ထုတ်၍ ငြင်းဆန်ခဲ့ရသည်။ လက်ကျန်ပွဲများအနက် ဘိုင်ယန်မြူးနစ်-ချယ်လ်ဆီး၊ ဘာစီလိုနာ-နာပိုလီ ပွဲစဉ်များလည်း ကျန်ရှိနေသေးပြီး PSG၊ အတ္တလန္တာ၊ အက်သလက်တီကိုနှင့် လိုက်ပ်ဇစ်အသင်းတို့မှာမူ ကွာတားဖိုင်နယ်သို့ တက်ရောက်ထားပြီး ဖြစ်သည်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်း အဆင့် ပထမအကျော့နှစ်ပွဲနှင့် ဒုတိယ အကျော့ပွဲစဉ်အားလုံး ကစားရန် ကျန်ရှိနေသေးသည်။ ဗိုလ်လုပွဲများကို သြဂုတ် ၂၆ ရက် နှင့် ၂၉ ရက်တွင် ကျင်းပဖွယ်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
