ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက ရှော်လ်ကေးအသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ပျော်ရွှင်သော်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရခြင်းမှာ အဆင်မပြေကြောင်း ပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက ရှော်လ်ကေးအသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ပျော်ရွှင်သော်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရခြင်းမှာ အဆင်မပြေကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကြောင့် မတ်လကတည်းက ရပ်နားထားခဲ့ရသည့် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို မေလ (၁၆)ရက် (စနေနေ့)တွင် ပြန်လည်ကစားခဲ့ပြီး ဒေါ့မွန်အသင်းက Revierderby ပြိုင်ဘက် ရှော်လ်ကေးအသင်းကို အိမ်ကွင်း၌ (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကပ်ဘေးကာလအတွင်း ကစားခြင်းဖြစ်သဖြင့် ဘွန်ဒစ်လီဂါပွဲစဉ်များကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အလွန်ထူးဆန်းနေကြောင်းနှင့် ပရိသတ်များကို လွမ်းဆွတ်မိကြောင်း ဒေါ့မွန်နည်းပြ လူစီယန်ဖာက ပြောကြားခဲ့ခြင်းဖြစ်သည်။
လူစီယန်ဖာက "ရှော်လ်ကေးအသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အသင်း တိုက်စစ်ရော၊ ခံစစ်ပါ အကောင်းဆုံးကစားနိုင်ခဲ့လို့ အခုလိုနိုင်ပွဲရခဲ့တာပါ။ ဒါပေမဲ့ ဂိုးသွင်းလိုက်တဲ့အချိန်၊ လှပတဲ့ ဘောလုံးပေးပို့မှုတွေ ပြုလုပ်လိုက်တဲ့ အချိန်တွေမှာ အားပေးမယ့် ပရိသတ်တွေ မရှိတာ အဆင်မပြေပါဘူး။ ပရိသတ်တွေကို ကျွန်တော်တို့ လွမ်းနေပါပြီ"ဟု ပြောကြားခဲ့သည်။
Revierderby တွင် အနိုင်ရခဲ့သည့် ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါအမှတ်ပေးဇယားထိပ်ဆုံး၌ ရမှတ် (၅၅)မှတ်ဖြင့် ရပ်တည်နေသည့် ဘိုင်ယန်မြူးနစ်အသင်းကို (၁)မှတ်ကွာဖြင့် ဖိအားပေးနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
