ဇွန်လတွင် ပရီးမီးယားလိဂ်ပွဲများ ဘေးကင်းစွာ ပြန်လည်စတင်နိုင်ရန် အစိုးရက တံခါးဖွင့်ထားကြောင်း ဗြိတိန်ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဝန်ကြီး အိုလီဗာဒေါဒန်က အတည်ပြုပြောကြားသည်။
မေ (၁၄) ရက်တွင် ဝန်ကြီး အိုလီဗာဒေါဒန်နှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)၊ ပရီးမီးယားလိဂ်၊ EFL (ပရီးမီးယားလိဂ်ပြင်ပ အင်္ဂလန်အောက်တန်းလိဂ်သုံးခု) တာဝန်ရှိသူ များ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြုသဘော ဆောင်သည့် သဘောတူညီမှုများရရှိခဲ့ခြင်း ဖြစ်သည်။
''ကစားသမားတွေ၊ နည်းပြတွေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ကာကွယ်စောင့် ရှောက်ရေးကို ဦးစားပေးသွားမှာဖြစ်ပြီး ဘေး ကင်းစိတ်ချရမှ ရှေ့ဆက်သွားဖို့ ကျွန်တော်တို့ အားလုံး သဘောတူထားပါတယ်။ အစိုးရ အနေနဲ့ ဇွန်လမှာ ဘောလုံးပွဲတွေ လုံခြုံစိတ်ချ စွာ ပြန်လည်ယှဉ်ပြိုင်ကစားနိုင်ဖို့ တံခါးဖွင့် ပေးထားပါတယ်။ ဒီခွင့်ပြုချက်ထဲမှာ ပရိသတ် တွေ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ကြည့်ရှု နိုင်ရေး၊ ပြိုင်ပွဲတွေပြန်လည်စတင်ရင် ရရှိလာ မယ့်ငွေကြေးကို ကျယ်ပြန်တဲ့ ဘောလုံးမိသားစု အတွက် အထောက်အကူပေးနိုင်ရေး စတာ တွေ ပါဝင်ပါတယ်။ အစိုးရက လမ်းညွှန်မှုတွေ ပေးနေသလို ဘောလုံးအာဏာပိုင်တွေအနေ နဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အပြီး သတ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဒါက ပရိ သတ်တွေ၊ ဘောလုံးအသင်းတွေနဲ့ တစ်နိုင်ငံ လုံးအတွက် အောင်မြင်မှုရဖို့ စုပေါင်းလုပ် ဆောင်ခြင်းပါပဲ။ အစိုးရနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီအစီအစဉ်ကိုအကောင် အထည်ဖော်မယ့် နောက်ဆုံး ဆုံးဖြတ်ချက် မချခင်အထိ ပြိုင်ပွဲတွေအတွက် လမ်းညွှန်မှု တွေနဲ့ ထောက်ပံ့မှုတွေ ဆက်လက်ပေးသွား မှာဖြစ်ပါတယ်'' ဟု ဝန်ကြီး အိုလီဗာဒေါဒန်က ဆိုသည်။
ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ပြိုင်ပွဲပြန်လည်စတင်မည့်အစီအစဉ်များ ဆုံး ဖြတ်ရန်အတွက် မေ (၁၈) ရက်တွင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်မည်ဖြစ်ပြီး အစုအဖွဲ့ငယ်ဖြင့် လေ့ကျင့်မှုစတင်ရန် ဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုနွေရာသီတွင် စာချုပ် ကုန်ဆုံးမည့်ကစားသမားများကို ဇွန် (၂၃) ရက် မတိုင်မီ ကာလတိုသက်တမ်းတိုးရမည်ဖြစ် ကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲက အတည်ပြု ထုတ်ပြန်သည်။ ပုံမှန်အားဖြင့် ကစားသမား များ၏ စာချုပ်သက်တမ်းမှာ ဇွန် (၃၀) ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း COVID-19 ရောဂါကြောင့် ပြိုင်ပွဲများ ရပ်နားထားရသဖြင့် ရာသီကုန်ဆုံးချိန်မှာ ဇူလိုင်လကုန် (သို့မဟုတ်) သြဂုတ်လဆန်းအထိ ရောက်ရှိသွားနိုင်သည်။
သို့ဖြစ်ရာ ကလပ်အသင်းနှင့် ကစားသမား များအနေဖြင့် ရာသီကုန်ဆုံးချိန်အထိ ဆက် လက်ကစားနိုင်ရန် ကာလတိုသက်တမ်းတိုးရ မည်ဖြစ်ပြီး ဇွန် (၂၃) ရက် နောက်ဆုံးထား၍ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရယူရန် ညွှန် ကြားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
