မြန်မာနေရှင်နယ်လိဂ် (MNL)ကော်မတီသည် ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ယခုရာသီတွင် ပုံမှန်အတိုင်းကျင်းပနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မတ် ၂၄ ရက်မှစတင်ကာ ပြည်တွင်းပြိုင်ပွဲများအားလုံး ရက်အကန့်အသတ်မရှိ ရပ်နားထားပြီး ဧပြီ ၈ ရက်တွင် စတင်ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကိုပါ ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ရပ်နားထားသည့် လိဂ်ပြိုင်ပွဲ လေးခုစလုံး ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်နေသလို ရှုံးထွက်ပြိုင်ပွဲကိုပါ MNL နှင့် MNL-2 လိဂ်ပွဲစဉ်ကစားမည့်ရက်နှင့် ညှိနှိုင်း ၍ ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
ပြည်တွင်းပွဲများကို ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပျောက်ကင်းသည့်အခြေအနေအပေါ် မူတည်၍ ကျင်းပဖွယ်ရှိပြီး ဇူလိုင်လဆန်းပိုင်းတွင် ပြန်လည်ကျင်းပနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြိုင်ပွဲများ ရွှေ့ဆိုင်းထားရသောကြောင့် ပြန်လည်ကျင်းပပါက ကျင်းပ မည့်ရက်နှင့် ကွင်းများ ပြန်လည်သတ်မှတ်ရမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များကို ကြားရက်များတွင် ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကို ဧပြီ ၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကျင်းပရန် စီစဉ်ထားကာ MNL ကလပ် ၁၂ သင်း၊ MNL-2 (ပထမတန်း) ကလပ် ရှစ် သင်း၊ အပျော်တမ်းကလပ်ငါးသင်း၊ စုစုပေါင်း ၂၅ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အပျော်တမ်း အသင်းတစ်သင်းမှလွဲ၍ ကျန် ၂၄ သင်း၏ အမည်စာရင်း ထွက်ပေါ်ထားပြီးဖြစ်သည်။
ပထမအဆင့်တွင် အပျော်တမ်းကလပ်များ နှင့် MNL-2 ကလပ်အသင်းများ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး MNL ကလပ်အသင်းများမှာမူ ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ထိပ်ဆုံးသုံးသင်းစာရင်းဝင်ခဲ့သည့် ရှမ်းယူနိုက်တက်၊ ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့မှာမူ ကွာတားဖိုင်နယ် အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ပြီး ၂၀၁၅ ရာသီတွင် ဗိုလ်ချုပ်အောင် ဆန်းဒိုင်းပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။
ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်မှ စ၍ နှစ်စဉ်ကျင်းပခဲ့သော်လည်း ၂၀၁၃ ခုနှစ် တစ်ကြိမ်သာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ကျန်နှစ်များတွင် ပုံမှန် အတိုင်း ကျင်းပခဲ့သည်။
ကျင်းပပြီးစီးခဲ့သည့် ကိုးကြိမ်တွင် ဧရာဝတီနှင့် ရန်ကုန်အသင်း တို့က သုံးကြိမ်စီဗိုလ်စွဲကာ အအောင်မြင်ဆုံး အသင်းအဖြစ် ပူးတွဲရပ်တည်နေပြီး ဟံသာ ဝတီ (ယခင်ဥဿာယူနိုက်တက်)၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။
ဧရာဝတီအသင်းသည် ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၅ တွင် သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲသည့် တစ်သင်းတည်းသောအသင်း အဖြစ် ရပ်တည်နေပြီး ၂၀၁၈ နှင့် ၂၀၁၉ ရာသီတွင် ဗိုလ်စွဲထားသည့် ရန်ကုန်အသင်း အနေဖြင့် ယခုရာသီတွင် ဗိုလ်စွဲပါက ဧရာ ဝတီအသင်း၏ သုံးကြိမ်ဆက်ဗိုလ်စွဲသည့် မှတ်တမ်းကောင်းကို အမီလိုက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
