Top News

ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည့်အခြေအနေအတွက် ကစားသမားများအဆင်ပြေစေရန် အားကစားစိတ်ပညာရှင်တစ်ဦးကို ဒေါ့မွန်အသင်း ခန့်အပ်
24htopnews | December 28, 2024 8:12 PM CST

ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းသည် ပရိသတ်များမပါဘဲ ကွင်း ပိတ်ကစားရမည့်အခြေအနေအတွက် ကစားသမားများအဆင်ပြေစေရန် အားကစားစိတ်ပညာရှင်တစ်ဦး ခန့်အပ်ထားကြောင်း သိရသည်။

ဒေါ့မွန်အသင်းပရိသတ်များသည် Yellow Wall ဟု နာမည်ကျော်ကြားပြီး အိမ်ကွင်းပွဲစဉ်များ၌ ကွင်းလုံးပြည့်အားပေးလေ့ရှိသောကြောင့် ပရိသတ်မပါဘဲကစားရမည့်အခြေအနေတွင် ကစားသမားများအဆင်ပြေစေရန် စီစဉ်ပေးထားခြင်းဖြစ်သည်။

အားကစားစိတ်ပညာရှင်အဖြစ် အရန်ဂိုးသမားဟောင်း ဖိလစ်လပ်စ်ကို ခန့်အပ်ထားကြောင်း ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက မေ ၁၄ ရက်တွင်ပြုလုပ်သည့် ဗီဒီယိုသတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားသည်။

''ဒီလိုအခြေအနေမှာ လိုအပ်ပါတယ်။ ဒီတစ်ခုက တကယ်ပဲ ထူးထူးခြားခြားဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ နှစ်လလောက် ပွဲမကစားရသလို ဘာရည်မှန်းချက်မှမရှိဘဲ လေ့ကျင့်မှုတွေ လုပ်ခဲ့ရပါတယ်။ အခုတော့ ပုံမှန်ဆိုရင် ပရိသတ် ၈၁၀၀၀ လောက်ရှိတဲ့ အိမ်ကွင်းမှာ ပရိသတ်တွေမပါဘဲ ဒါဘီပွဲကစားရတော့မှာပါ''ဟု ၎င်းက ဆိုသည်။

ဒေါ့မွန်အသင်းသည် မေ ၁၆ ရက် (ယနေ့) တွင် Ruhr ဒါဘီပြိုင်ဘက် ရှော်လ်ကေးအသင်းနှင့် အိမ်ကွင်းပွဲစဉ်ကစားရမည်ဖြစ်ပြီး အသင်းခေါင်းဆောင် မာကိုရွိုက်စ်၊ အမ်မရီချန်နှင့် ဗစ်ဆဲလ်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ဒေါ့မွန်အသင်းသည် ၂၀၁၅ ခုနှစ် နောက်ပိုင်း ရှော်လ်ကေးအသင်းအား အိမ်ကွင်း၌ အနိုင်မရခဲ့သလို ပြီးခဲ့ သည့်ရာသီတွင်လည်း (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

သို့ဖြစ်ရာ လူစီယန်ဖာက ''ဒီတစ်ပတ်ကစားမယ့်ပွဲအတွက်ပဲ အာရုံစိုက်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ရှုံးနိမ့်ခဲ့တာကို သိပါတယ်။ ဒါပေမဲ့ အဲဒါက အတိတ်မှာကျန်ခဲ့ပါပြီ''ဟု ပြောကြားသည်။


READ NEXT
Cancel OK