ပရိသတ်များအနေဖြင့် ဘွန်ဒစ်လီဂါပွဲစဉ်များအား ရုပ်သံမှကြည့်ရှု ရာတွင် ကွင်းအတွင်းမှအသံများကို မိမိစိတ်ကြိုက်ရွေးချယ်နားဆင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Sky ရုပ်သံသည် ပွဲစဉ်များအား နောက်ခံ စကားပြောတင်ဆက်မှုဖြင့် ပြသမည်ဖြစ်ပြီး ကွင်းအတွင်းရှိ သဘာဝအသံ (သို့မဟုတ်) ကြိုတင်သွင်းယူထားသည့် ပရိသတ်များ၏ အော်ဟစ်အားပေးသံနှင့် သီချင်းသီဆိုမှုများကို စိတ်ကြိုက်ရွေးချယ်နားဆင်နိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။
သဘာဝအသံကိုရွေးချယ်ပါက ကွင်းအတွင်းမှ နည်းပြများနှင့် ကစားသမားများ၊ ဒိုင်လူကြီးများ၏ အပြန်အလှန်ပြောဆိုမှုကို ကြားရမည်ဖြစ်ပြီး စောဒကတက်ခြင်းနှင့် ဆဲဆိုသံများကိုပါ ကြားရဖွယ်ရှိကြောင်း သိရသည်။
ကွင်းပိတ်ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်များတွင် လိုအပ်သော တာဝန်ရှိသူနှင့် ဝန်ထမ်းအရေအတွက် (၃၀၀)ခန့်သာ ဝင်ခွင့်ပြုမည်ဖြစ်သည်။
ထို့ပြင် ကစားသမားများအနေဖြင့် ကွင်းအတွင်း တံတွေးထွေးခြင်း၊ ဂိုးသွင်းအပြီး အုပ်စုလိုက်အောင်ပွဲခံခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းများ ရှောင်ကြည်ဥမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
