Top News

MNL အပါအဝင် ပြည်တွင်းပြိုင်ပွဲများစတင်ပါက လက်ခံကျင်းပမည့်ကွင်းများကို ပိုးသတ်ဆေးဖျန်းမည်
24htopnews | December 28, 2024 8:12 PM CST

MNL အပါအဝင် ပြည်တွင်းပြိုင်ပွဲများစတင်ပါက လက်ခံကျင်းပမည့်ကွင်းများကို ပိုးသတ်ဆေးဖျန်းမည်

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပဖြစ်ပါက ပွဲများမစတင်မီ လက်ခံဘောလုံးကွင်းများ ကို ပိုးသတ်ဆေးဖျန်းရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရပ်နားထားသည့် ပြည်တွင်းပြိုင်ပွဲများကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ် မူတည် ၍ ပြန်လည်ကျင်းပမည်ဖြစ်ပြီး ရောဂါကာကွယ်ရန် ပွဲကစားမည့်ကွင်းများကို ပိုးသတ်ဆေးဖျန်းရန် စီစဉ်ထားခြင်းဖြစ်သည်။

ပြိုင်ပွဲများ ပြန်လည်ကျင်းပပါက အသင်းများ ခရီးသွားလာရမှုမရှိစေရန် ရန်ကုန်မြို့၌သာ စတင်ကျင်းပရဖွယ်ရှိနေသည်။

ယခုရာသီပြည်တွင်းပွဲများကို ရန်ကုန်မြို့တွင် သုဝဏ္ဏ၊ YUSC၊ စလင်း၊ ပဒုမ္မာ၊ တောင်ဒဂုံနှင့် တက္ကသိုလ်ကွင်းများ၌ ကျင်းပလျက်ရှိသည်။

နယ်မြို့များတွင် ကျင်းပနေသည့် MNL စီနီယာလိဂ်ပွဲများမှာမူ ပြန်လည်စတင်ပါက ချက်ချင်းကျင်းပရန် မလွယ်ကူသေးဘဲ ရောဂါအခြေအနေပျောက်ကင်းမှသာ ကျင်းပနိုင်ဖွယ်ရှိနေသည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ဇွန်လနောက်ဆုံးပတ် (သို့မဟုတ်) ဇူလိုင်လအတွင်း  ပြည် တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် လျာထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ပျောက်ကင်းမည့်အခြေအနေအပေါ် မူတည်ကြောင်း သိရသည်။

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်းများအနက် ချင်းယူနိုက်တက်၊ မကွေးနှင့် ဇွဲကပင်အသင်းတို့မှလွဲ၍ ကျန်ကိုးသင်းမှာ အိမ်ကွင်း လက်ခံကျင်းပလျက်ရှိပြီး ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သော တောင်ကြီးကွင်းပြင်ဆင်မှုမှာလည်း ပြိုင်ပွဲစတင်ပါက အဆင်သင့်ဖြစ်ဖွယ်ရှိသည်။

ပြိုင်ပွဲပြန်လည် စတင်ပါက MNL ပွဲစဉ်များကို သုဝဏ္ဏနှင့် YUSC ကွင်း၌ ကျင်းပဖွယ်ရှိနေသည်။


READ NEXT
Cancel OK