ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ရူမင်နစ်ဂီက ယခုတစ်ပတ် ဘွန်ဒစ်လီဂါ ပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှကြည့်ရှုသူ ဘီလီယံ နှင့်ချီ၍ရှိနိုင်ကြောင်း သုံးသပ်ပြောကြားထားသလို နည်းပြ ဟန်ဆီဖလစ်ခ်ကလည်း ပွဲကြိုသတင်းစာရှင်းလင်း ပွဲတွင် ဗီဒီယိုမှတစ်ဆင့် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ်ပြန်လည်စတင်သည့် ဘွန်ဒစ်လီဂါပြိုင်ပွဲကို တစ်ကမ္ဘာလုံးက စောင့် ကြည့်နေမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းနည်းပြ ဟန်ဆီဖလစ်ခ်က သုံးသပ်ပြောကြားခဲ့သည်။
မတ် ၁၃ ရက်ကတည်းက ရပ်နားထားရသည့် ဘွန်ဒစ်လီဂါပြိုင်ပွဲကို နှစ်လကျော်ကြာ မတ် ၁၆ ရက်မှစ၍ ပြန်လည်ကျင်းပလျက်ရှိ ပြီး ဥရောပထိပ်တန်းလိဂ်များအနက် ပထမဆုံးပြန်လည်စတင်သည့် လိဂ်ပြိုင်ပွဲဖြစ်လာခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ရူမင်နစ်ဂီက ယခုတစ်ပတ် ဘွန်ဒစ်လီဂါ ပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှကြည့်ရှုသူ ဘီလီယံ နှင့်ချီ၍ရှိနိုင်ကြောင်း သုံးသပ်ပြောကြားထားသလို နည်းပြ ဟန်ဆီဖလစ်ခ်ကလည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဗီဒီယိုမှတစ်ဆင့် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀၀ ကျော်ကနေ ကြည့်နေကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့အတွက် ပရိသတ်တွေအများ ကြီး တိုးလာပါလိမ့်မယ်။ အဲဒီသူတွေကို ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ပြချင်ပါတယ်။ ဂျာမနီကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေ ကြမှာပါ။ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာ သူတို့ကြည့်ချင်နေပါတယ်။ ဒီရာသီကို ဆက်ကျင်းပဖို့ ကျွန်တော်တို့လုပ်နိုင်ပြီဆိုရင် တခြားလိဂ်အားလုံးအတွက်လည်း အချက်ပြလိုက်တာပါပဲ" ဟု ဟန်ဆီဖလစ်ခ်က ဆိုသည်။
သို့သော် ကစားသမားများအနေဖြင့် အသင်းလိုက်လေ့ကျင့်ချိန် တစ်ပတ်သာရရှိ သောကြောင့် ပွဲချိန်ပြည့်ကစားနိုင်သည့် ကြံ့ ခိုင်ရှိနေရန် မသေချာကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ "အသင်းအနေနဲ့ မိနစ် ၉၀ စလုံး ကစားနိုင်မလားဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ လေ့ကျင့်မှုတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မိနစ် ၂၀ စီ သုံးပွဲကစားခဲ့ပါတယ်။ သူတို့တွေကတော့ တကယ်ပြင်းထန်တဲ့ပုံစံနဲ့ ကစားခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီပုံစံအတိုင်း ကစားနိုင်မလားဆိုတာတော့ မသေချာပါဘူး။ ဒီအခြေအနေကို ကိုင်တွယ်နိုင်ဖို့ပဲ ကြိုးစားရမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
