၂၀၁၉-၂၀၂၀ ရာသီ ဖျက်သိမ်းရန် လိဂ်ပြိုင်ပွဲဘုတ်အဖွဲ့က ဧပြီ ၂ ရက်ကတည်းက အဆိုပြုထားပြီး ဥရောပလိဂ်ပြိုင်ပွဲများအနက် ဖျက်သိမ်းရန် ပထမဆုံးကြေညာသည့်ပြိုင်ပွဲ ဖြစ်သည်။ သို့သော် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ သတိပေးမှုကြောင့် ဖျက်သိမ်းကြောင်း အတည်ပြုရန် ကြန့်ကြာနေပြီး သုံးကြိမ်မြောက် ရွှေ့ဆိုင်းပြီးမှသာ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံပထမတန်းပြိုင်ပွဲ ဖျက်သိမ်းကြောင်း အတည်ပြုနိုင်ခဲ့ပြီး မူလဆုံးဖြတ်ထားသည့်အတိုင်း ကလပ်ဘရုဂေးအသင်းအား ချန်ပီယံအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ရာသီ ဖျက်သိမ်းရန် လိဂ်ပြိုင်ပွဲဘုတ်အဖွဲ့က ဧပြီ ၂ ရက်ကတည်းက အဆိုပြုထားပြီး ဥရောပလိဂ်ပြိုင်ပွဲများအနက် ဖျက်သိမ်းရန် ပထမဆုံးကြေညာသည့်ပြိုင်ပွဲ ဖြစ်သည်။ သို့သော် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ သတိပေးမှုကြောင့် ဖျက်သိမ်းကြောင်း အတည်ပြုရန် ကြန့်ကြာနေပြီး သုံးကြိမ်မြောက် ရွှေ့ဆိုင်းပြီးမှသာ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်အရ ပုံမှန်ရာသီပြီးဆုံးရန် တစ်ပွဲအလိုတွင် ၁၅ မှတ် အသာဖြင့် ဦးဆောင်နေသည့် ကလပ်ဘရုဂေး အသင်းက ချန်ပီယံဆုကို ၁၆ ကြိမ်မြောက် ဆွတ်ခူးရရှိပြီး လာမည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။
ဒုတိယနေရာမှ KAA ဂျန့်အသင်းက ချန်ပီယံလိဂ်ခြေစစ်ပွဲ တတိယအဆင့်နှင့် တတိယ နေရာမှ ချာလီရွိုင်းအသင်းက ယူရိုပါလိဂ် အုပ်စုအဆင့်၊ အဆင့် ၄ နေရာမှ အန့်ဝပ်အသင်းက ခြေစစ်ပွဲတတိယအဆင့်၊ အဆင့် ၅ နေရာမှ စတန်းဒတ်လိဂ်အသင်းက ခြေစစ်ပွဲ ဒုတိယအဆင့် ကစားရမည်ဖြစ်ပြီး ဇယားအောက်ဆုံးအသင်း တန်းဆင်းခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်