ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်နိုင်ငံအနေဖြင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကိုပါ လက်ခံကျင်းပရပြီး ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံမသန်စွမ်းပြိုင်ပွဲ ကျင်းပရမည် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဘဏ္ဍာရေးအခြေအနေကြောင့် အောက်တိုဘာသို့ ပြောင်းလဲထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အရှေ့တောင်အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ် (APSF) သည် ဖိလစ်ပိုင် နိုင်ငံ$ ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၀ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်နိုင်ငံအနေဖြင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကိုပါ လက်ခံကျင်းပရပြီး ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံမသန်စွမ်းပြိုင်ပွဲ ကျင်းပရမည် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဘဏ္ဍာရေးအခြေအနေကြောင့် အောက်တိုဘာသို့ ပြောင်းလဲထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ဒီနှစ်ထဲမှာကျင်းပမယ့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် မကျင်းပနိုင်တော့ဘူးလို့ အကြောင်းကြားလာပါတယ်။ ပြိုင်ပွဲကို နှစ်ဆန်းပိုင်းကတည်းက ကျင်းပဖို့ ဖြစ်ပေမဲ့ အောက်တိုဘာကို ရွှေ့ဆိုင်းခဲ့ပြီး ဒီတစ်ကြိမ်ကတော့ ရောဂါအခြေအနေ ကြောင့် မကျင်းပဖြစ်တော့တာပါ။ ကျွန်တော်တို့ဆီက မသန်စွမ်းအားကစားသမားတွေကလည်း မတ်လကတည်းက လေ့ကျင့်မှုရပ်နားထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် လေ့ကျင့်တာတွေ ရပ်နားခဲ့ရတာဖြစ်ပါတယ်"ဟု အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော်လည်း ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲစတင်ချိန်အထိ လက်ခံကျင်းပသည့် အားကစားရုံနှင့် ကွင်းပြင်ဆင်မှုများ ပြီးစီးမှုမရှိ သောကြောင့် ပြိုင်ပွဲဝင်အသင်းများ၊ လာ ရောက်အားပေးသည့် ပရိသတ်များ အခက် တွေ့ခဲ့ရသည်။ အာဆီယံ မသန်စွမ်းပြိုင်ပွဲကို ယခင်သတ်မှတ်ထားသည့် နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ပါက ပြိုင်ပွဲဖြစ်မြောက်ဖွယ်ရှိသော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် နှစ်ကုန်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုအခါ ပြိုင်ပွဲပါ ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် သတ်မှတ်ကာလတွင် မကျင်းပနိုင်သည့်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၇ မလေးရှားပြိုင်ပွဲ၌ ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၇ ခု ဆွတ်ခူးရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
