ဝန်ကြီးချုပ်၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ကလည်း "ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ ဒါဟာ ကလပ်အသင်းတွေ၊ ကစားသမားတွေနဲ့ နည်းပြတွေရဲ့ ကြိုးစားဆောင်ရွက်မှုရလဒ်ပါပဲ။ ဒါပေမဲ့ ကူးစက်ရောဂါရဲ့လမ်းကြောင်းကို သတိထားပြီး ကျန်းမာရေးလုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာကြဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ဖို့ ပေါ့လျော့လို့မရပါဘူး" ဟု Twitter တွင် ရေးသားခဲ့သည်။
စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က လာလီဂါပြိုင်ပွဲကို ဇွန် ၈ ရက်တွင် ပြန်လည် စတင်ခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
မနေ့ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က "အဓိက ပရော်ဖက်ရှင်နယ်အားကစားပြိုင်ပွဲတွေ အထူးသဖြင့် လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ခြင်းကို ဇွန် ၈ ရက် ရက်သတ္တပတ်ကစပြီး ခွင့်ပြုသွားမှာပါ" ဟု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ကလည်း "ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ ဒါဟာ ကလပ်အသင်းတွေ၊ ကစားသမားတွေနဲ့ နည်းပြတွေရဲ့ ကြိုးစားဆောင်ရွက်မှုရလဒ်ပါပဲ။ ဒါပေမဲ့ ကူးစက်ရောဂါရဲ့လမ်းကြောင်းကို သတိထားပြီး ကျန်းမာရေးလုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာကြဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ဖို့ ပေါ့လျော့လို့မရပါဘူး" ဟု Twitter တွင် ရေးသားခဲ့သည်။
တီဘက်စ်သည် လာလီဂါပြိုင်ပွဲကို ဇွန် ၁၂ ရက်တွင် ပြန်လည်စတင်နိုင်ကြောင်း မေ ၂၂ ရက်ကတည်းက အရိပ်အမြွက်ပြောကြားထားပြီး တစ်ရက်အကြာမှာပင် ဝန်ကြီးချုပ်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လာလီဂါပြိုင်ပွဲကို ဇွန် ၁၂ ရက်တွင် ဆီဗီလာ- ဘက်တစ် ဆီဗီးလ်ဒါဘီပွဲဖြင့် စတင်မည်ဖြစ်ကြောင်း စပိန်သတင်းဌာနများစွာကလည်း ဖော်ပြလျက်ရှိသည်။ လာလီဂါပြိုင်ပွဲကို ပွဲစဉ် ၂၇ အထိ ကျင်းပထားပြီး ဘာစီလိုနာအသင်း က ၅၈ မှတ်ဖြင့် ထိပ်ဆုံးနေရာတွင် ဦးဆောင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်