လာလီဂါပြိုင်ပွဲကို ဇွန် ၁၂ ရက်တွင် ဆီဗီလာ-ဘက်တစ် ဒါဘီပွဲဖြင့်စတင်ခြင်းထက် ပိုကောင်းသည့်နည်းလမ်းမရှိဟု ဆီဗီလာအသင်း၏နာမည်ကြီးအားကစားဒါရိုက်တာ မွန်ချီက သုံးသပ်ခဲ့သည်။
ဆီဗီးလ်ဒါဘီပွဲဖြင့် ပြန်လည်စတင်မည့် သတင်းကို Cadena Cope ရေဒီယို၏ El Partidazo အစီအစဉ်တွင် စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Cadena Ser ရေဒီယို၊ Diario AS နှင့် Marca သတင်းစာတို့ကလည်း ထပ်မံဖော်ပြခဲ့ကြသည်။
မတ်လ ဒုတိယပတ်ကတည်းက အကန့်အသတ်မရှိ ရပ်နားထားသည့် လာလီဂါပြိုင်ပွဲ ပြန်လည် စတင်မည့်အချိန်ကို မဆုံးဖြတ်ရသေးသော်လည်း မေ ၂၈ ရက်တွင် ကလပ်အသင်းများနှင့် အပြီးသတ်အတည်ပြုမည်ဖြစ်သည်။
လာလီဂါပြိုင်ပွဲကို ဆီဗီးလ်ဒါဘီပွဲဖြင့် ပြန်လည် စတင်မည့်သတင်းနှင့်ပတ်သက်၍ ဆီဗီလာ အသင်း အားကစားဒါရိုက်တာ မွန်ချီကလည်း ''လာလီဂါကို ဒါဘီပွဲနဲ့ ပြန်စတာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူး။ အဲဒီလိုစတင်တာက ပိုကောင်းတဲ့ မက်လုံးတစ်ခုလည်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးကလည်း ဘောလုံးပွဲတွေပြန်စချိန်မှာ ပထမဆုံးပွဲက တကယ်ခမ်းခမ်းနားနားဖြစ်စေဖို့ မျှော်လင့်ထားပါတယ်''ဟု Football Espana သတင်း ဌာနသို့ သုံးသပ်ပြောကြားသည်။
လာလီဂါဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က လည်း လက်ကျန်ရာသီပွဲစဉ်အားလုံး ပြန် လည်ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုထား ပြီး ကျန်းမာရေးအာဏာပိုင်များထံမှ ခွင့်ပြု ချက်ရရှိပါက စတင်မည်ဟု ပြောကြားသည်။
လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) သည် လာလီဂါပြိုင်ပွဲကို တစ်ပတ်လျှင် ပွဲစဉ်နှစ်ခုနှုန်းဖြင့် နေ့စဉ်ယှဉ်ပြိုင်ကစားရန် သဘောတူညီမှုရထားပြီး ဇူလိုင်လကုန်တွင် အပြီးကျင်းပရန် မျှော်မှန်းထားကြောင်း သိရ သည်။
လာလီဂါနှင့် ဆီဂန်ဒါကလပ် ၄၂ သင်း အား ပထမအကြိမ် COVID-19 စစ်ဆေးမှုတွင် ကစားသမားငါးဦးသာ Positive တွေ့ရှိ ခဲ့ပြီး လာလီဂါမှ သုံးဦးနှင့် ဆီဂန်ဒါမှ နှစ်ဦး တွင် တွေ့ရှိခြင်းဖြစ်ကြောင်း လာလီဂါပြိုင်ပွဲ က အတည်ပြုထုတ်ပြန်ထားသည်။
ကလပ်အသင်းများအနေဖြင့် မေ ၁၈ ရက်မှစ၍ ကစားသမား ၁၀ ဦးစီဖြင့် အစုအဖွဲ့လိုက် လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ပြီး ပြိုင်ပွဲ စတင်ရန်အတွက် ကျန်းမာရေးအာဏာပိုင်များ၏ ခွင့်ပြုချက်သာ ကျန်ရှိတော့ကြောင်း သိရသည်။
လာလီဂါပြိုင်ပွဲ ရပ်နားထားချိန်တွင် ဘာစီလိုနာအသင်းက ၂၇ ပွဲကစား ၅၈ မှတ် ဖြင့် ဦးဆောင်နေပြီး ရီးယဲလ်မက်ဒရစ်အသင်း က ၅၆ မှတ်၊ ဆီဗီလာအသင်းက ၄၇ မှတ်၊ ဆိုစီဒက်နှင့် ဂီတာဖေးအသင်းက ၄၆ မှတ်၊ အက်သလက်တီကိုအသင်းက ၄၅ မှတ်ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
အကယ်၍ လာလီဂါပြိုင်ပွဲ ပြန်လည်မစတင်နိုင်ဘဲ ရာသီဖျက်သိမ်းရပါက ချန်ပီယံဆုပေးအပ်မည်မဟုတ်သော်လည်း တန်းဆင်းတန်းတက်စနစ်သာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
