လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က လေ့ကျင့်ရေးအားကစားဝတ်စုံ ကိုသာ အမြဲဝတ်ဆင်ဖြစ်သည့်အကြောင်း ရှင်းလင်းပြောကြားပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာ အကောင်းဆုံးဝတ်စားဆင်ယင် တတ်သူဖြစ်ကြောင်း ချီးကျူးခဲ့သည်။
ယာဂန်ကလော့ပ်သည် လီဗာပူးလ် အသင်းမတိုင်မီ ဂျာမန်ကလပ် မိန့်ဇ်နှင့် ဒေါ့ မွန်အသင်းတို့ကို ကိုင်တွယ်စဉ်ကတည်းက ကွင်းအတွင်း၌ ကြီးကြပ်စဉ် အားကစားဝတ်စုံ နှင့် ဘေ့စ်ဘောဦးထုပ်ကိုသာ အမြဲဝတ်ဆင် လေ့ရှိသည်။
ယင်းကဲ့သို့ ဝတ်ဆင်ဖြစ်သည့် အကြောင်းကို ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနနှင့်တွေ့ဆုံစဉ် ကလော့ပ် က ]]ကျွန်တော်က ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ မန်နေဂျာဖြစ်လာတာပါ။ ကျွန်တော့်အဝတ်ဗီရိုထဲမှာ လွန် ခဲ့တဲ့နှစ်ရက်မတိုင်ခင်က ကိုင်တွယ်သွားသူရဲ့ အားကစားဝတ်စုံရှိနေတယ်။ အဲဒီဝတ်စုံက ကျွန်တော်နဲ့မတော်ပါဘူး။ ကျွန်တော်က ပွဲအပေါ်ကိုပဲ အာရုံစိုက်ထားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနေလဲဆိုတာ ဘယ်တော့မှ တွေးလေ့မရှိပါဘူး။ ကျွန်တော်တို့က လူတွေ ကြားထဲမှာ အလုပ်လုပ်နေရတော့ ဒီလိုဝတ်တာက သိပ်အဆင်မပြေဘူးဆိုတာလည်း သိ ပါတယ်။ ဒေါ့မွန်အသင်းကို ရောက်တဲ့အချိန်မှာ အပြောင်းအလဲတော့လုပ်ရမယ်လို့ တွေးဖြစ်တယ်။ ဂျင်းဘောင်းဘီနဲ့ ရှပ်ကို အချိန်တစ်ခုလောက် ဝတ်ဖြစ်ခဲ့ပေမဲ့ သက်သောင့်သက်သာဖြစ်တယ်လို့ မခံစားရဘူး။ အဲဒီလိုဝတ်တာ မကောင်းဘူးလို့တော့မဆိုလိုပါဘူး''ဟု ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ပြိုင်ဘက် ဂွါဒီယိုလာကိုလည်း ကလော့ပ်က ''မန်နေဂျာတွေထဲမှာ အကောင်း ဆုံးဝတ်တတ်သူကတော့ ပက်ဂွါဒီယိုလာပဲလို့ ကျွန်တော်ထင်တယ်။ သူဝတ်သမျှတိုင်းက သူနဲ့ ကွက်တိကို လိုက်ဖက်ညီပါတယ်။ သူက အားကစားဝတ်စုံမဝတ်ဘဲ ပေါ့ပေါ့ပါးပါးပုံစံ ဝတ်တတ်ပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒီလိုလုပ်ဖို့မလိုပါဘူး။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မှန်ကန်တဲ့အရာလုပ်ဖို့ပဲ လိုပါတယ်''ဟု ချီးကျူးပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
