ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးအ ကျပ်အတည်းကို ဖြေရှင်းရာတွင် အသင်းကစားသမားများ၏ လစာငွေမြင့်မားခြင်းက အခက်တွေ့ စေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် အသင်းကစားသ မားများကို တစ်နှစ်လစာ ယူရိုသန်း (၆၃၀) ပေး ချေနေရပြီး ယင်းမှာ အသင်းဝင်ငွေ ယူရို (၁.၀၄၇) ဘီလီယံ၏ (၆၃) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။
သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ကို ရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲများ မကစားရသည့် (၂)လကျော် ကာလအတွင်း ဝင်ငွေ ယူရိုသန်း (၂၀၀) ခန့် နစ်နာမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ကစားသမားများ လစာပေးချေရမှုမှာ အသင်းဝင် ငွေ၏ (၈၀)ရာခိုင်နှုန်းအထိ ဖြစ်လာမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် အသင်းဘဏ္ဍာ ရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ရန်အတွက် အသင်းကစားသမားများအား ကပ်ဘေးကာလတွင် လစာငွေ (၇၀)ရာခိုင်နှုန်းအထိ ဖြတ်တောက်ထားပြီးဖြစ်သည်။
သို့သော် ယင်းဖြတ်တောက်မှုမှာ ဘာ စီလိုနာအသင်းအတွက် အသင်းဘဏ္ဍာရေးအ ကျပ်အတည်းကိုဖြေရှင်းရန် မဖြစ်နိုင်သေးကြောင်း Marca က ဖော်ပြခဲ့သည်။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် လာမည့် နွေရာသီအပြောင်းအရွှေ့တွင် အသင်းရှိ လစာမြင့် ကစားသမားများဖြစ်သည့် ကော်တင်ဟို၊ ဒမ်လီလီ၊ ရာကီတစ်၊ အမ်တီတီတို့အပါအဝင် ကစားသမား အချို့ကို ရောင်းချရန်စီစဉ်နေကြောင်း သိရသည်။
သို့သော် အဆိုပါကစားသမား၏ လစာငွေပမာဏ မှာ မြင့်မားသဖြင့် ရောင်းချရန်ခက်ခဲနိုင်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
