Top News

မန်စီးတီးအသင်းတွင် အဂွဲရိုး စာချုပ်သက်တမ်းကုန်သည်အထိကစားမည်ဟု အေးဂျင့် ဆို
24htopnews | December 28, 2024 10:12 PM CST

မန်စီးတီးအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး၏ အေးဂျင့်ဖြစ်သူ ဟာနန်ရီဂွဲရားက အဂွဲရိုးသည် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ မန်စီးတီးအသင်းတွင် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ အဂွဲရိုးသည် မန်စီးတီးအသင်းတွင် ၂၀၁၁ ခုနှစ်ကတည်းက ကစားခဲ့သူဖြစ်ပြီး အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူလည်းဖြစ်သည်။

အဂွဲရိုးသည် ၂၀၁၈ ခုနှစ်ကတည်းက မန်စီးတီးအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်အရ  ၂၀၂၁ ခုနှစ်အထိ အသင်းတွင် ကစားရမည်ဖြစ်သည်။

၎င်းအနေဖြင့် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းကို စွန့်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိရာ ဟာနန်ရီဂွဲရားက ယင်းသတင်းများကို တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ဟာနန်ရီဂွဲရားက ''ဆာဂျီယို (အဂွဲရိုး)ဟာ ၂၀၂၁ ခုနှစ်အထိ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းရှိပါတယ်။ လက်ရှိအချိန်မှာ ဒီအသင်းကနေ သူ ထွက်ခွာဖို့ အကြောင်းမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK