၁၉၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဆန်စီရိုကွင်းသည် ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ပြီး မူလအားကစားကွင်း၏ အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိတော့သဖြင့် ထိန်းသိမ်းစောင့်ရှောက်မည်မဟုတ်ကြောင်း ယင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ယဉ်ကျေးမှုအမွေအနှစ်ဝန်ကြီးဌာန ၏ ခွင့်ပြုချက်မှာ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် မဟုတ်သော်လည်း ကလပ်အသင်းနှစ်သင်းစလုံး၏ ပြန်လည်တည်ဆောက်ရေး မျှော်လင့်ချက်အတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
မီလန်မြို့ရှိ သမိုင်းဝင် ဆန်စီရိုကွင်းမှာ ယဉ်ကျေးမှုဆိုင်ရာအကျိုးစီးပွားမရှိဟု အီတလီယဉ်ကျေးမှု အမွေအနှစ်ဝန်ကြီးဌာနက သတ်မှတ်လိုက်သောကြောင့် ဖြိုဖျက်ရန် နီးစပ်လာကြောင်း သိရသည်။
စီးရီးအေကလပ် အေစီမီလန် နှင့် အင်တာမီလန်အသင်းတို့က ပူးတွဲအိမ်ကွင်းအဖြစ် အသုံးပြုနေ သည့် ဆန်စီရိုကွင်းကို ယူရို ၁ ဒသမ ၂ ဘီလီယံအကုန်အကျခံ၍ ပြင်ဆင်တည်ဆောက်မည့် ကွင်းသစ်စီမံကိန်း ဒီဇိုင်းနှစ်ခုကို မေလဆန်းတွင် ထုတ်ဖော်ပြသခဲ့ပြီးနောက် မီလန်မြို့တော် အာဏာပိုင်များက စီမံကိန်းအတွက် သုံးသပ်ချက်ကို ယဉ်ကျေးမှုအမွေ အနှစ်ဝန်ကြီးဌာနထံမှ တောင်းခံခဲ့ ခြင်းဖြစ်သည်။ " Giuseppe Meazze ကွင်း (ဆန်စီရို) ဟုခေါ်သည့် နေရာမှာ ယဉ်ကျေးမှုဆိုင်ရာအကျိုး စီးပွားမရှိသဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေးပြဋ္ဌာန်းချက်မှ ဖယ်ထုတ်လိုက်ပါသည်" ဟု အီတလီယဉ်ကျေး မှုအမွေအနှစ်ဝန်ကြီးဌာနက အစီရင်ခံစာရေးသားထားကြောင်း AGI သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
၁၉၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဆန်စီရိုကွင်းသည် ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ပြီး မူလအားကစားကွင်း၏ အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိတော့သဖြင့် ထိန်းသိမ်းစောင့်ရှောက်မည်မဟုတ်ကြောင်း ယင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ယဉ်ကျေးမှုအမွေအနှစ်ဝန်ကြီးဌာန ၏ ခွင့်ပြုချက်မှာ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် မဟုတ်သော်လည်း ကလပ်အသင်းနှစ်သင်းစလုံး၏ ပြန်လည်တည်ဆောက်ရေး မျှော်လင့်ချက်အတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
အေစီမီလန်နှင့် အင်တာမီလန်အသင်းသည် ကွင်းသစ်စီမံကိန်းကို ပြီးခဲ့သည့်နှစ် စက်တင်ဘာကတည်းက မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းခြေကုန်ကျစရိတ် ယူရို ၁ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံ ရဖွယ်ရှိကြောင်း သိရသည်။ မီလန် မြို့တော်ဝန် ဂူဆက်ပီဆာလာကလည်း လက်ရှိအားကစားကွင်းကို ပြန်လည်ပြုပြင်လိုကြောင်း ပြောကြားထားပြီး ၂၀၂၆ ခုနှစ်တွင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား လက်ခံကျင်းပခွင့်ရရန် မျှော်မှန်းထားသည်။ မြို့တော်ဝန် ဂူဆက်ပီဆာလာအပါအဝင် မီလန်မြို့ ကိုယ်စားလှယ်များက ဆန်စီရိုကွင်း အား ရာနှုန်းပြည့်ဖြိုချမည့်အစီအစဉ် ကို အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ပြီး နောက် ကလပ်အသင်းနှစ်သင်းက ကွင်းတစ်ခုလုံးဖြိုချမည့် ကနဦးစီမံ ကိန်းကို ပြင်ဆင်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မေ ၇ ရက်တွင်ထုတ်ပြန်ခဲ့သည့် ကွင်းသစ်စီမံကိန်း ဒီဇိုင်းနှစ်ခုကို Populous နှင့် Manica Sportium ဗိသုကာကုမ္ပဏီတို့က ရေးဆွဲပေးထားပြီး မီလန်စည်ပင်သာယာအဖွဲ့ နှင့် မြို့တော်ကောင်စီတို့က သတ်မှတ်ထားသည့် အခြေအနေ ၁၆ မျိုး နှင့်ကိုက်ညီရန် ရေးဆွဲထားကြောင်း သိရသည်။ ကွင်းသစ်စီမံကိန်းအကြို ပြင်ဆင်မှု စာရွက်စာတမ်းများကို မီလန်စည်ပင်သာသာအဖွဲ့ထံ တင်ပြထားပြီး ဒီဇိုင်းနှစ်ခုအနက် တစ်ခုကို ယခုနွေရာသီတွင် အတည်ပြုရွေးချယ်မည် ဖြစ်သည်။ ဒီဇိုင်းနှစ်ခုစလုံးတွင် ကမ္ဘာ့အဆင့်မီ ကွင်းသစ်နှင့် Sports and Entertainment District ဟုအမည်ရသည့် အားကစားနှင့် ဖျော်ဖြေရေးစင်တာ ထည့်သွင်းတည်ဆောက်မည် ဖြစ်ပြီး အပြေးပြိုင်ပွဲပတ်လမ်း၊ စက် ဘီးပတ်လမ်း၊ စကိတ်ဘုတ်ပန်းခြံ၊ ငါးယောက်ဘောလုံးကွင်း၊ ပြတိုက်၊ အားကစားခန်းမများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
