သက်ထားသူဇာသည် မတ်လကတည်းက ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ ခြင်းမရှိဘဲ လေ့ကျင့်မှုသာ ပြုလုပ်နေရသည်။ သက်ထားသူဇာသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလတွင်လည်း လေ့ကျင့်မှုရပ်နား ခြင်းမရှိဘဲ နေပြည်တော်ရှိ ကြက်တောင်ကလပ်၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။
မြန်မာကြက်တောင်အားကစား မယ် သက်ထားသူဇာသည် ပြိုင်ပွဲများ ပြန်လည်ကျင်းပပါက ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ပြိုင်ပွဲအခြေအနေနှင့် ပြည်ဝင်ခွင့် အပေါ်မူတည်၍ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် မတ်လကတည်းက ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ ခြင်းမရှိဘဲ လေ့ကျင့်မှုသာ ပြုလုပ်နေရသည်။ သက်ထားသူဇာသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလတွင်လည်း လေ့ကျင့်မှုရပ်နား ခြင်းမရှိဘဲ နေပြည်တော်ရှိ ကြက်တောင်ကလပ်၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။
"ကျွန်တော့်သမီးက လေ့ကျင့်မှုမပြတ်အောင် ပုံမှန်လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ကတည်းက ကျွန်တော့်သူငယ်ချင်း တည်ထောင်ထားတဲ့ ကြက်တောင်ကလပ်မှာ လေ့ကျင့်နေတာဖြစ်ပါတယ်။ BWF က ပြိုင်ပွဲ တွေ ပြန်လည်ကျင်းပမယ့်အစီအစဉ်အတွက် ထုတ်ပြန်ထားပြီး ပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ ပြိုင်ပွဲ အခြေအနေအပေါ် မူတည်သလို နိုင်ငံတွေရဲ့ ပြည်ဝင်ခွင့်အပေါ်မှာလည်း မူတည်ပါတယ်။ လက်ရှိအနေအထားအရ နိုင်ငံအများစုက ပြည်ဝင်ခွင့် အကန့်အသတ်တွေရှိတာကြောင့် အခြေအနေအားလုံး အပေါ်မူတည်ပြီး ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်သွားမှာပါ" ဟု သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော်က ပြောကြားခဲ့သည်။
သက်ထားသူဇာသည် မတ်လအတွင်း ဥရောပနိုင်ငံများ၌ ပြိုင်ပွဲများစွာယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါ်တူဂီနှင့် ချက်နိုင်ငံသို့ရောက်ရှိပြီးမှ ပြန်လာရခြင်းဖြစ်သည်။ BWF သည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့် သတ်မှတ်ချက်အတွက် စည်းမျဉ်းများကိုလည်း ပြန်လည်အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
