ပြိုင်ပွဲကို ဇွန် ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စိတ် ကြိုက်ပုံစံဖြင့် ဘောလုံးစွမ်းရည်ပြသနေသည့် ကစားပုံကို ဗီဒီယိုရိုက်ကူး၍ mptfreestylefootball.com တွင် တင်ပေးရမည်ဖြစ်သည်။ ပြင်ဆင်ထားခြင်းမရှိသော ဗီဒီယိုများကိုသာ လက်ခံမည်ဖြစ်ပြီး MPT က လက်ခံပါက ကိုယ်ပိုင် Facebook အကောင့်တွင် တင်ရှိရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဟောင်းများ ဒိုင်အဖြစ် ပါဝင်သည့် MPT Freestyle Football Challenge ကို မေ ၂၃ ရက်မှစ၍ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယင်းအစီအစဉ်ကို မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲအား စပွန်ဆာပေးထားသည့် MPT က ကျင်းပခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလ တွင် နေအိမ်၌ ကိုယ်လက်လှုပ်ရှားမှုရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ပြိုင်ပွဲကို ဇွန် ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စိတ် ကြိုက်ပုံစံဖြင့် ဘောလုံးစွမ်းရည်ပြသနေသည့် ကစားပုံကို ဗီဒီယိုရိုက်ကူး၍ mptfreestylefootball.com တွင် တင်ပေးရမည်ဖြစ်သည်။ ပြင်ဆင်ထားခြင်းမရှိသော ဗီဒီယိုများကိုသာ လက်ခံမည်ဖြစ်ပြီး MPT က လက်ခံပါက ကိုယ်ပိုင် Facebook အကောင့်တွင် တင်ရှိရမည်ဖြစ်သည်။
ဆုရွေးချယ်ရာတွင် မဲပေး စနစ်ဖြင့် ရာခိုင်နှုန်း ၅၀၊ ဒိုင်လူကြီးများ၏ ရွေးချယ်မှု ရာခိုင်နှုန်း ၅၀ သတ်မှတ်ထား သည်။ ဒိုင်လူကြီးများအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းများဖြစ်သည့် ဦးမျိုးလှိုင်ဝင်း (ဧရာဝတီအသင်းနည်းပြချုပ်)၊ ဦးစိုးမြတ်မင်း (မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်) နှင့် သီဟစည်သူ (ရှမ်းယူနိုက်တက် အသင်းဂိုးသမား) တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဆုကြေးအဖြစ် ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆု ကျပ်တစ်သိန်းနှင့် နှစ်သိမ့်ဆု ၁၇ ဆု ချီးမြှင့်သွားမည် ဖြစ်ပြီး ဆုရရှိသူများကို ဇွန် ၁၉ ရက်တွင် MPT Facebook Page မှ အသိပေးကြေညာမည်ဖြစ် သည်။ MPT သည် မြန်မာနေရှင်နယ်လိဂ် ကော်မတီ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့နှင့်ပူးပေါင်း၍ လူငယ်ပြိုင်ပွဲများ၊ လူငယ်ဘောလုံးပွဲတော်များကိုလည်း ဒေသအသီးသီးတွင် ကျင်းပပေးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
