Top News

မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် Football Manager ဂိမ်းဖန်တီးသူများကို မန်ယူအသင်း တရားစွဲဆို
24htopnews | December 28, 2024 10:12 PM CST

မန်ယူအသင်းသည် Football Manager ဂိမ်းဖန်တီးသည့် Sports Interactive(SI) ကုမ္ပဏီနှင့် ဖြန့်ဖြူးရောင်းချသည့် Sega Publishing ကုမ္ပဏီတို့ကို တရားစွဲဆိုထားခြင်းဖြစ်သည်။ မန်ယူအသင်း၏ ထုတ်ပြန်မှုအရ ယင်းကုမ္ပဏီနှစ်ခုသည် မူပိုင်ခွင့်ချိုး ဖောက်၍ အသင်းအမည်ကို အသုံးပြုခြင်း၊ ကလပ်လိုဂိုကို အသုံးမပြုသော်လည်း အနီရောင်နှင့် အဖြူရောင်အစင်းကြားပုံစံ ရိုးရှင်းသည့်ဒီဇိုင်းဖြင့် အစားထိုးအသုံးပြုခြင်း စသည့် အချက်နှစ်ခုကြောင့် တရားစွဲဆိုခြင်းဖြစ် ကြောင်း သိရသည်။ 

မန်ယူအသင်းသည် Football Manager ဂိမ်းဖန်တီးသူနှင့် ရောင်းချသူများအား မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

မန်ယူအသင်းသည် Football Manager ဂိမ်းဖန်တီးသည့် Sports Interactive(SI) ကုမ္ပဏီနှင့် ဖြန့်ဖြူးရောင်းချသည့် Sega Publishing ကုမ္ပဏီတို့ကို တရားစွဲဆိုထားခြင်းဖြစ်သည်။ မန်ယူအသင်း၏ ထုတ်ပြန်မှုအရ ယင်းကုမ္ပဏီနှစ်ခုသည် မူပိုင်ခွင့်ချိုး ဖောက်၍ အသင်းအမည်ကို အသုံးပြုခြင်း၊ ကလပ်လိုဂိုကို အသုံးမပြုသော်လည်း အနီရောင်နှင့် အဖြူရောင်အစင်းကြားပုံစံ ရိုးရှင်းသည့်ဒီဇိုင်းဖြင့် အစားထိုးအသုံးပြုခြင်း စသည့် အချက်နှစ်ခုကြောင့် တရားစွဲဆိုခြင်းဖြစ် ကြောင်း သိရသည်။ 

ပဏာမအဆင့် ကြားနာစစ်ဆေးမှုကို မေ ၂၂ ရက်တွင်ပြုလုပ်ခဲ့ပြီး မန်ယူအသင်း၏ရှေ့နေဖြစ်သူ ဆိုင်မွန်မာလီနစ်ဇ်က "အသင်းရဲ့နာမည်က ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ်တွေထဲမှာ တစ်ခုအပါ အဝင်အဖြစ် အသိအမှတ်ပြုခံထားရတာပါ။ အသင်းအနေနဲ့ သူတို့ရဲ့နာမည်နဲ့ လိုဂိုကို မှတ်ပုံတင်ဖို့အတွက် ငွေကြေးအများကြီးသုံးစွဲထားရတာပါ" ဟု ပြောကြားခဲ့သည်။

SI နှင့် Sega ကုမ္ပဏီကမူ ဂိမ်းအားလုံးတွင် ယင်းအမည်ကို တရားဝင်သုံးစွဲလာခြင်း ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ဗီဒီယိုဂိမ်းများ ၏ တရားဝင်ယှဉ်ပြိုင်မှုကို တားဆီးရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်

READ NEXT
Cancel OK